ယာဉ်ဟောင်းအစားထိုးစနစ်နဲ့ ဝယ်ယူထားခဲ့တဲ့ ၂ဝဝ၂ မော်ဒယ် ၂ဝဝ၄ မော်ဒယ်ကားတွေက ဝယ်ထားတာ ဘာမှမကြာသေးဘူး။ လက်ရှိပြေးဆွဲနေတဲ့ကားတွေနဲ့ ၂ဝဝ၆ မော်ဒယ်က ဘာမှသိပ်ကွာတာလည်း မဟုတ်ဘူး။ တစ်ချို့ကားတွေဆိုဝယ်ထားတာ အကြွေးတောင် မကြေသေးဘူးလေ။ အခုဘယ်လိုပြောင်းရမလဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီသတ်မှတ်ချက်ကို နည်းနည်းပြင်ဆင်ပေးသင့်ပါတယ် ဟု ၃၁ ယာဉ်လိုင်းပိုင်ရှင် ဦးကိုကိုနိုင်ကပြောသည်။
အများပိုင်ကုမ္ပဏီယာဉ်လိုင်းများတွင်ပါဝင်ခွင့်ရရှိရန် လွတ်တော်သို့တင်ပြတောင်းဆိုမှူများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ခေတ်သစ်