သင်္ကြန်အတွင်း ခရီးသွားလာမည့်ကားများအတွက် Mitsubishi Motors မှမည်သည့်အိမ်စီးကားမဆိုအခမဲ့ စစ်ဆေးမှုများပြုလုပ်ပေးသွားမည်

0

Full article

မဟာသင်္ကြန်ကာလအတွင်း ခရီးဝေးသွားကြမည့် မိသားစုများ ယာဉ်အန္တရာယ်ကင်းစွာခရီးသွားလာနိုင်ရန်အတွက် Mitsubishi Motors မှ မည်သည့်အိမ်စီးကားမဆိုအခမဲ့ စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Mitsubishi Motors Myanmar ကားအရောင်းပြခန်းမှသိရသည်။

မဟာသင်္ကြန်ကာလအတွင်း ခရီးသွားလာကြမည့် မိသားစုများ အန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်ရေးအတွက် Mitsubishi Motors မှ မည်သည့်အိမ်စီးကားကိုမဆို အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ်နှင့်ပတ်သက်သော အခြားပြုပြင်လဲလှယ်ခြင်းများကိုလည်း ၁ဝ ရာခိုင်နှုန်းအထိ လျော့ချပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မည့်သည့်အိမ်စီးကားကိုမဆို အခမဲ့စစ်ဆေးပေးခြင်းနှင့် မော်တော်ယာဉ်နှင့်ပတ်သက်သော အခြားပြုပြင်လဲလှယ်ခြင်းများကို ၁ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးသည့် promotion အစီအစဉ်အား ၂ဝ၁၉  ဧပြီ ၁၂ ရက်နေ့အထိသာပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကားများကို အခမဲ့ စစ်ဆေးလိုပါက Yangon Showroom & Service ၊ အမှတ် ၁၊ ဘုရင့်နောင်လမ်းနှင့် ရွာမကျောင်းလမ်းထောင့်၊ လှိုင်မြို့နယ်၊ ဖုန်း – 09 45 862 3816 သို့ဆက်သွယ်၍သော်လည်းကောင်း Mandalay Service Center ၊ အမှတ် ၆ဝ၃/A၊ နဂါးအိမ်ရာဝင်း၊ စစ်ကိုင်း-မန္တလေးလမ်းမကြီး၊ ဖုန်း – 09 259100446 သို့ဆက်သွယ်မေးမြန်း၍သော်လည်းကောင်း သွားရောက်စစ်ဆေးမှုကို ခံယူရရှိနို်င်မည်ဖြစ်သည်။

Author