Full article

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၄ ရက်အထိ တစ်လကျော် ကာလအတွင်း ပရိုဘောက်စ် ကားသုံးစီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန'မှ သိရသည်။ Toyota_Probox_Van_DX

ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဇန်နဝါ ရီ ၄ ရက်က ပရိုဘောက်စ် ကား တစ်စီး မောင်းနှင်နေစဉ်၌ ဘက်ထရီခေါင်းချောင်ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး ကျပ် ငါးသောင်းဝန်းကျင် ဆုံးရှုံးခဲ့သလို လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းခဲ့သော ပရိုဘောက်စ်ကားမှာ လမ်းဘေးရှိ အမှိုက်ပုံးအား ဝင်တိုက်ရာမှ ကွန်ကရစ်လမ်းနှင့် ကားဘီး ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၅ သိန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပရိုဘောက်စ် ကားတစ်စီးမှာ အင်ဂျင်အပူလွန် ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း နှစ်ဆယ်ဝန်းကျင် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိ ရသည်။

ယခုနှစ်ပိုင်းအတွင်း မော်တော်ကား မီးလောင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဝက်အထိ ပရိုဘောက်စ် ကားသုံးစီး အပါအဝင် ကားမီးလောင်မှု (၁၇) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ထိုသို့ ကားမီးလောင်မှုများတွင် Isuezu တစ်စီး၊ Probox သုံးစီး၊ Hyundai တစ်စီး၊ Pajero တစ်စီး၊ Hino နှစ်စီး၊ Kluger တစ်စီး၊Nissan တစ်စီး၊ Light Truck တစ်စီးနှင့် စည်ပင်မှ အမှိုက်သိမ်း ယာဉ်တစ်စီးတို့ ပါဝင်သည်။ ကား မီးလောင်ကျွမ်းမှုများကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိ ကာ ငွေ ကျပ် ၄၆၅ သိန်းကျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။

Ref : Automobile

Author