စင်းလုံးဌား အဌားယာဉ် တွေကို တရားဝင် လိုင်စင်ထုတ်ပေးရန်ရှိ

0

Full article

စင်းလုံးဌား အဌားယာဉ် တွေကို တရားဝင် လိုင်စင်ထုတ်ပေးရန်စီစဉ်နေကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း အဆင်ပြေချောမွေ့စေသည့် စင်းလုံးဌားယာဉ်လိုင်းများကို တရားဝင်စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုကြောင်း ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒီဇင်ဘာ ၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းအပေါ် လမ်းပန်းဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"အဲ့ စင်လုံးဌားကားတွေဟာ ကျွန်မတို့ ရဲ့ YBS ယာဉ်လိုင်းများပြေးဆွဲနေသလို ပြေးဆွဲနေပြီးတော့ သူတို့ရဲ့မှတ်ပုံတင် ထားရှိမှုတွေက တက္ကစီမှတ်ပုံတင်တွေဖြစ်နေတဲ့အတွက်၊ လုပ်တုံးလုပ်နည်းအရ ညီညွှတ်မှုမရှိတဲ့ အတွက် ကျွန်မတို့ အနေနဲ့ ယာယီရပ်တန့်ပြီး လုပ်ထုံးလုပ်နည်းများအရ ညီညွှတ်အောင်စည်းမျည်းစည်းကမ်း များရေးဆွဲပြီး လိုင်းတွေကိုနစ်တကျပြန်လည်ပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ် " ဟု ဒေါ်နီလာကျော်က လွှတ်တော်မှာပြောကြားသွားခဲ့သည်။

Taxi Cab အောင်မဟာ ယာဉ်လိုင်းအား မြောက်ဥက္ကလာ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ မြို့တွင်းဆူးလေအထိ ယာဉ်လိုင်း ပြေးဆွဲမှုကို မေ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖျက်သိမ်း ခဲ့သည်ဟု သိရပါသည်။

Author