နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိက car services center များတွင် လုပ်ကိုင်ခွင့်ပြုသွားမည်

0

Full article

ပုဂ္ဂလိက car services center လုပ်ငန်းများအား မော်တော်ယာဉ်များနှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးရန် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

မော်တော်ယာဉ်စစ်ဆေးသည့် နှစ်လဲယာဉ်စစ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုရာတွင် ပုဂ္ဂလိကလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုရန် စည်ကမ်းချက်များ အသစ်ရေးဆွဲထုတ်ပြန်သွားမည်ဖြစ်ရာ စည်မျဉ်းစည်းကမ်းနှင့် ကိုက်ညီသော လျှောက်ထားလာသည့် ကုမ္ပဏီများကို မကြာခင်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

"နှစ်လဲယာဉ်စစ်ဆေးတဲ့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ပေးဖို့်စည်ကမ်းချက်အသစ်တွေရေးဆွဲနေတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့အတွက်လည်း EOI ခေါ်သွားမှာပါ ။စိတ်ဝင်စားပြီး လုပ်ကိုင်လိုတဲ့ ဝပ်ရှော့တွေလည်း လာပြီးတင်ပြလို့ရအောင် လုပ်ဆောင်သွားမှာပါ ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းများမှ လုပ်ကိုင်ဆောင်ရွက်ရန်တင်ပြထားသည့် ကုမ္ပဏီ ၂၈ ခုရရှိထားရာ ထိုတင်ပြထားမှုများကို စည်းကမ်းချက်များပြန်သတ်မှတ်၍ အကောင်အထည်ဖော် လုပ်ဆောင်မည့် ကုမ္ပဏီများကို ပြန်လည်လျှောက်ထားခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author