Full article

![print](/redline/content/images/2012/02/print.jpg)

MyanmarCarsDB မှ ကြော်ငြာများကို user များ အနေနှင့် Print ထုတ်ပြီး ကြော်ငြာနိုင်စေရန်၊ reference အဖြစ်အသုံးပြုနိုင်ရန် printing feature ကို အထူးပြုပြင်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံမှာ အင်တာနက် အမြန်နှုန်းနှင့် ဆက်သွယ်မှုများ အဆင်ပြေလာပြီ ဖြစ်သော်ငြားလည်း အချို့အချို့သော ကားဝယ်သူ ရောင်းသူများ အနေနှင့် ဒီလို အင်တာနက်၏ အဆင်ပြေမှုကို အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်း အသုံးပြုနိုင်မှု နည်းပါးသေးတာကို အားလုံး သိမြင်နိုင်ပါတယ်။ ဒီအကြောင်းကြောင့် ကျွန်တော်များ MyanmarCarsDB အသုံးပြုသူ User များ သူများထက် ခြေတစ်လှမ်းနောက်မကျစေရန် ရည်ရွယ်ချက်နဲ့ ကြော်ငြာများကို print ထုတ်နိုင်ရန် စီစဉ်ပေးရခြင်းဖြစ်ပါတယ်။

ဒီကြော်ငြာများကို ကားရောင်းသူများ အနေနှင့် print ထုတ်ကာ လက်ဘက်ရည်ဆိုင်မှာဖြစ်စေ၊ ဝိုင်းထဲမှာဖြစ်စေ၊ အများမြင်နိုင်တဲ့ ကြော်ငြာဆိုင်းဘုတ်များမှာဖြစ်စေ သွားရောက်ကြော်ငြာနိုင်တဲ့ အပြင်၊ လက်ကမ်းကြော်ငြာစာရွက် အနေနှင့်လည်း ဖြန့်ဝေနိုင်မှာဖြစ်ကြောင်း၊ လည်းကောင်း စာရွက်များကို အမြဲဆောင်ထားခြင်းအားဖြင့် ရောင်းလိုသော ကားအကြောင်းကို မည်သူမေးမေး အလွယ်တကူ ကိုးကားကာ ဖြေဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဝယ်လိုသူများအနေနှင့်လည်း မိမိကြိုက်သော ကားများ၏ ကြော်ငြာများကို print ထုတ်ကာ ကိုးကားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ထိုကြော်ငြာများကို print ထုတ်ရန် ကြော်ငြာ page အတွင်းမှ အောက်ဖော်ပြပါ print button လေးကို နှိပ်၍သော်လည်းကောင်း၊ File Menu မှ Print ကို ရွေး၍သော်လည်းကောင်း၊ Ctrl + P သို့မဟုတ် Cmd + P ကို နှိပ်၍သော်လည်းကောင်း Print ထုတ်နိုင်မှာဖြစ်ပါတယ်။

print_buttonsample-500x36

ကျွန်တော်တို့ အနေနှင့် တစ်ခုတောင်းဆိုချင်တာက၊ ကြော်ငြာများကပ်ကြတဲ့အခါမှာ သူများနဲ့မတူ တမူထူးခြားပြီး ကပ်ကြသူများ၊ ကြော်ငြာကြသူများအနေနှင့် အခြား User များ အတုယူနိုင်စေဖို့ ထိုကြော်ငြာများကို ဓါတ်ပုံလေးများ ရိုက်ကာ၊ ကျွန်တော်တို့၏ Facebook Page မှာ တင်ပေးကြပါရန် ပန်ကြားအပ်ပါတယ်။ အရောင်းအဝယ်များ အဆင်ပြေနိုင်ကြပါစေခင်ဗျာ။

Author