Prestige Automobile Company Ltd. က BMW X3 ကားမော်ဒယ်သစ် မိတ်ဆက်

0

Full article

Prestige Automobile Company Ltd. က The all-new BMW X3 ကားမော်ဒယ်သစ်ကို မြန်မာနိုင်ငံဈေးကွက်သို့ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ဝယ်ယူသူများအနေဖြင့် အရောင် ခြောက်မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး Luxury Line မော်ဒယ်နှင့် M sport မော်ဒယ်ဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ်ကာ နှစ်မျိုးစလုံး၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၄ဝ,ဝဝဝ အထက် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

"X3 မှာ အားသာချက် သုံးချက်ရှိပါတယ်။ ပထမအချက်ကတော့ မြို့တွင်း၊ မြို့ပြင် သက်သောင့်သက် သာနဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီဇိုင်းပါပဲ။ သူ့ရဲ့ ထုံးစံအရ ကားရဲ့ အရှေ့ ဘက်အခြမ်းမှာ ကြီးမားတဲ့ driving design ကိုတွေ့ရပါလိမ့်မယ်။ နောက်ဘက်ခြမ်းမှာဆိုရင်လည်း အနောက်မီးတွေအားလုံးဟာ 3D ဒီဇိုင်းကို တွေ့ရပါလိမ့်မယ်။ Exhaust ဆိုရင်လည်း အလှဆင် တာမျိုးမဟုတ်ဘဲ ကား performance အညီ တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကိုယ်ထည်ဆို ရင်လည်း ယခင်ကထက် တောင့်တင်းခိုင်မာတဲ့ ဒီဇိုင်းကို တွေ့ရပါလိမ့်မယ်။ တတိယအချက်ကတော့ နည်းပညာအသစ်တွေ အများကြီးထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။" ဟု Prestige Automobile Company ၏ managing director ဦးချမ်းမြက ဆိုသည်။

Prestige Automobiles Co., Ltd သည် ကမ္ဘာထိပ်တန်းစက်ယ န္တရားနှင့် မော်တော်ယာဉ် အမှတ်တံ ဆိပ်များကို ဖြန့်ချီနေသည့် Octagon International Services Co. Ltd (OIS) ၏ လုပ်ငန်းခွဲတစ်ခုဖြ စ်သည်။

Author