Redline Media ရဲ့ ပင်တိုင်စာရေးသူ Lynn Za Nee ၏ “ကားမောင်းသူတိုင်း သိထားသင့်သော အဖြစ်အများဆုံး ကားရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ် ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများ”ပုံနှိပ်စာအုပ်ထွက်ရှိ

0

Full article

Redline Media မှာ ပင်တိုင်အဖြစ် တစ်နှစ်ကျော် ရေးသားခဲ့ပြီး မျှဝေမှုတွေအများဆုံး ရရှိခံထားရတဲ့စာရေးသူတစ်ဦးရှိပါတယ်။ သူဟာ ကားတစ်စီးကို ဘယ်လိုပြုပြင်ထိန်းသိမ်းသင့်သလဲ၊ ကားတစ်စီးရှိနေမယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်သလဲ၊ ဘယ်လိုအရာတွေကြုံလာပြီဆိုရင် ဘာလုပ်သင့်သလဲ စတဲ့ ကားနဲ့ပတ်သက်သမျှ အသိပညာများစွာကို အပတ်စဉ်ရေးသားရင်း မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်လောကကို အကျိုးပြုနေသူ တစ်ယောက်ပါ။ ပိုပြီးကောင်းတဲ့အချက်က သူဟာ ဘာသာပြန်ရေးသားသူတစ်ယောက်မဟုတ်ဘဲ အချက်အလက်များစွာကို စုဆောင်းသင်ယူရင်း ကိုယ်ပိုင်ဖန်တီးရေးသားသူတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက် မော်တော်ယာဉ်နည်းပညာနဲ့ပတ်သက်ရင် အကျိုးရှိလှတဲ့ အထောက်အပံ့တွေ ပေးနေသူလည်းဖြစ်ပါတယ်။

အခုလောက်ဆိုရင် Redline Media ရဲ့ပရိသတ်တွေအနေနဲ့ စာရေးသူဘယ်သူဆိုတာ သိနေလောက်ပါပြီ။ ဟုတ်ပါတယ်။ Redline Media ရဲ့ အပတ်စဉ် ပင်တိုင်စာရေးဆရာ Lynn Za Nee (လင်းဇာနည်) ပဲဖြစ်ပါတယ်။ Digitial platform ပေါ်မှာ တစ်နှစ်ကျော်ကြာ အတွေ့အကြုံနဲ့ ဗဟုသုတများစွာကို ကြိုးစားအားထုတ်မှုနဲ့ စေတနာ အပြည့်ထည့်သွင်းရေးသားလေ့ရှိတဲ့ ဆရာ Lynn Za Nee ရဲ့ ဒစ်ဂျစ်တယ် စာလုံးတွေဟာ အခုဆိုရင် ပုံနှိပ်စာလုံးတွေအဖြစ်သို့ ရောက်ရှိလာပါပြီ။ လူငယ် နည်းပညာ စာရေးဆရာတစ်ယောက်ရဲ့ debut စာအုပ်ကိုတော့ “ကားမောင်းသူတိုင်း သိထားသင့်သော အဖြစ်အများဆုံး ကားရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ် ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများ” လို့အမည်ပေးထားပြီး တန်ဖိုးကတော့ ၈,၀၀၀ ကျပ်ပါ။ Car Review တွေလိုပဲ သုံးသပ်ပေးရမယ်ဆိုင်တော့ ဆရာ Lynn Za Nee ရဲ့စာအုပ်ဟာ ပေးရတဲ့ငွေထက် များစွာပိုမိုထိုက်တန်တဲ့အပြင် လက်တွေ့အသုံချနိုင်စွမ်းအပိုင်းမှာလည်း ထိပ်တန်းနေရာတစ်ခုမှာ ရှိနေမှာပါလို့ ဆိုပါရစေ။ City Mart သို့မဟုတ် ဆရာ Lynn Za Nee ထံမှလည်း တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ဆရာ Lynn Za Nee ရဲ့ ကားနဲ့ပတ်သက်တဲ့ နောက်ထပ်ဆောင်းပါးကောင်းများစွာကိုလည်း Redline Media မှာ တရားဝင် ဆက်လက်ဖေါ်ပြသွားဦးမှာဖြစ်တဲ့အတွက် Redline Media ကို ဆက်လက်စောင့်ကြည့်ဖို့အတွက်လည်း ဖိတ်ခေါ်ပါရစေ။

Author