မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ရင်နှီးမြပ်နှံမှုလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမူဥပဒေနှင့် အညီ အတည်ပြုမိန့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အကောက်ခွန်ကင်းလွှတ်ခွင့် ၊သက်သာခွင့်များ လျှောက်ထားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရုံးများသို့ သွားရောက်လျှောက်ထားနိုင်ပြီး အတည်ပြုမိန့်၊ ခွင့်ပြုမိန့်များကိုရယူ၍ သက်ဆိုင်ရာဌာနများထံ အခွန်ကင်းလွှတ်ခွင့်၊ သက်သာခွင့်များကို ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
"လုပ်ငန်းဟောင်းတွေကို ခုကနေစပြီး အကောက်ခွန်ကင်းလွတ်ခွင့် စတင်ပေးဖို့ ဆောင်ရွက်နေတာ။ လုပ်ငန်းဟောင်းတွေ အနေနဲ့ပါ မစ်အရင်တင်ရမယ်၊ ပါမစ်မတင်ရင်တော့ အကောက်ခွန်ကင်းလွတ်ခွင့် မရပါဘူး"ဟု ဒုတိယညွန်ကြားရေးမှူးချုပ်ဦးဆန်းမြင့်က ပြောကြားသည်။
အဆိုပါ လုပ်ငန်းများအနေဖြင့် အတည်ပြုမိန့်ရရှိသော်လည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှူ ဥပဒေပုဒ်မ ၇၅ ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို တင်ပြလျှောက်ထားနိုင်မည် မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ ပုဒ်မ ၇၇( ခ) ၊ ( ဂ ) နှင့် (ဃ) ပါ အခွန်ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များ ခံစားရရှိလိုပါက တင်ပြလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှူ ကော်မရှင်၏ ကော်မရှင်၏ ကြေညာချက်တွင် ပါရှိသည်။
ခေတ်သစ်