အများပိုင်ယာဉ်လိုင်းတွင် ငွေပေးချေမယ့် ကဒ်စနစ်ပြုလုပ်မည့်ကုမ္ပဏီကို တင်ဒါခေါ်ယူမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအများပိုင်ယာဉ်လိုင်း ပြေးဆွဲမှုမကြာခင်စတင်တော့မည်ဖြစ်ရာ ယာဉ်စီးခငွေပေးချေမယ့်ကဒ်စနစ် ပြုလုပ်မည့်ကုမ္ပဏီကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကပြောပါတယ်။လက်ရှိအများပြည်သူပို့်ဆောင်ရေးခရီးသည်တင်ယာဉ်များတွင် i pay ကဒ်စနစ်အသုံးပြုလုပ်ဆောင်လာမှူများရှိနေရသော်လည်းလက်တွေအသုံးပြုမှူတွင် တွင်ကျယ်စွာလုပ်ဆောင်ခြင်းမပြုနိုင်သြေးကာင်းတွေ့ရသည်။ယာဉ်လိုင်းများကိုအဆင်မြှင့်တင်မည်ဆိုပါက ငွေပေးချေမှူစနစ်တို့ကိုလည်းပြည်သူများစိတ်ဝင်စားမှုရှိလာနိုင်အောင်လုပ်ဆောင်သင့်လာပေသည်။

လက်ရှိအများပြည်သူပို့ဆောင်ရေးခရီးသည်တင်ယာဉ်များတွင် ipay ကဒ်စနစ်အသုံးပြုလုပ်ဆောင်လာမှုများရှိနေသော်လည်း လက်တွေ့ခရီးသည်တင်ယာဉ်လိုင်း BRTယာဉ်တွင်ကဒ်စနစ်အသုံးပြုနေရာထိရောက်စွာလုပ်ဆောင်နိုင်မှူမရှိသေးပဲအဆင်ပြေသလိုငွေအကြွေပေးသည့်စနစ်ကိုသာအသုံးပြုနေရာ အများပိုင်ယာဉ်လိုင်းများဝင်ရောက်လာပါက ငွေပေးချေသည့်ကဒ်စနစ်ဖော်ဆောက်ရန်တင်ဒါခေါ်ယူမယ်လို့သိရပါတယ်။

အများပိုင်ယာဉ်လိုင်းပြေးဆွဲမည့်ကုမ္ပဏီများတင်ဒါခေါ်ယူမှူတွင်လာရောက်လျှောက်ထားသော ကုမ္ပဏီ ၂၁ခုမှ ကုမ္ပဏီ၈ခုသာရွေးချယ်မည်ဖြစ်ရာ ရန်ကုန်မြို့ပို့ဆောင်ရေးကိုအလျှင်အမြန်ပြောင်းလဲလုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author