ကြိုတင်ဝင်ငွေခွန်ပေးဆောင်သည့် လေးလအတွင်း ငွေကျပ်သန်းပေါင်း တစ်သောင်းခွဲနီးပါး ရရှိထား

0

Full article

ပြည်ပနိုင်ငံ အသီးသီးမှ မော်တော်ကားတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှု ငွေကျပ်သန်းပေါင်း တစ်သောင်းခွဲနီးပါးရရှိထားပြီးဖြစ်ပါတယ်။မော်တော်ယာဉ်များကိုတင်သွင်းရာ တစ်ဦးချင်းတင်သွင်းမှူများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံရာတွင် ကားတန်ဖိုးအတိုင်း ရာခိုင်နှုန်းအလိုက်အခွန်ကောက်ခံနေပါတယ်။ရန်ကုန်ကားတင်သွင်းမှူရပ်ဆိုင်းထားသဖြင့် ကြိုတင်ဝင်ငွေခွန်ကောက်ခံသည့်ကားများမှာ နယ်လိုင်စင်ဖြင့်ကားများဖြစ်ရာ ကားအစီးရေ ၈၄၁၁ စီးအတွက် ကောက်ခံရရှိခဲ့ပါတယ်။

ကြိုတင်ဝင်ငွေခွန်ကောက်ခံမှူများကို ရန်ကုန်အတွင်းရှိကားများအတွက် ပန်းဆိုးတန်းအောက်လမ်းတွင်ဖွင့်လှစ်ထားရှိရာ မန္တလေးတိုင်းအတွင်းရှိကားများကို မန္တလေးရုံးမှာပဲဆောင်လို့ရကြောင်းသိရပါတယ်။

ခေတ်သစ်

Author