မိုဒယ်အမြင့်ကားများကိုသာတင်သွင်းခွင့်ပေးမည်ဆိုရင် CIF AV တန်ဖိုးလျော့ချပါက ကားဈေးကွက်အလားအလာပြန်ကောင်းနိုင်

0

Full article

လာမယ့် ၂ဝ၁၇ ခုနှစ်မှာမိုဒယ်မြင့်ကားများတင်သွင်းရမည်ဆိုပါ CIF AV တန်ဖိုးလျော့ချပေးမှသာ ကားဈေးကွက်အလားအလာပြန်ကောင်းလာနိုင်တယ်လို့ ကားအရောင်းအဝယ်ပြုလုပ်နေသူများကပြောပါတယ်။စလစ်ကပ်ကားများကို ၂ဝ၁၁ မိုဒယ်၊ဖရီးပါမစ်ကားများကို ၂ဝ၁၅ မိုဒယ်တင်သွင်းရတော့မယ်လို့ သတင်းများထွက်ပေါ်နေသဖြင့်ကားအရောင်းအဝယ်ပြုလုပ်နေသူများက လာမယ့်နှစ်မှာ မော်ဒယ်မြင့်ကားတွေပဲတင်သွင်းရမယ်ဆိုရင် ဆိပ်ကမ်းရောက်တန်ဖိုး CIF ကိုလျော့ချပေးသင့်ပါတယ်။အရင်နှစ်ထက်စာရင် ကားဈေးကအားလုံးတက်သွားနိုင်တယ်။ဖရီးကားမစ်တွေကလည်း ၂ဝ၁၅ ကစပြီးမိုဒယ်မြင့်ဘယ်ကိုင်းတွေပဲဖြစ်လာရင် ဈေးကွက်က အရမ်းမလုပ်ရဲတော့ဘူး။တစ်ကယ်ဆိုရင် CIF တန်ဖိုးလျော့ချပေးမှ ကားဈေးကွက်က အလားအလာပြန်ကောင်းလာမယ်ထင်တယ်။လို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းက ကိုဇော်ဦးကပြောပြထားသည်။

လတ်တလော ကားဈေးကွက်တွင် စလစ်ကပ်ကားတွေထက်စာရင် နံပတ်အနိမ့်ကားများကိုသာ အရောင်းအဝယ်ဖြစ်နေပြီး ညာမောင်းကားဈေးကွက်မှာ သိန်းဆယ်ဂဏန်းထိမြင့်တက်လာမယ်လို့လဲခန်းမှန်းထားကြသည်။

ခေတ်သစ်

Author