တစ်နာရီမိုင်ခြောက်ဆယ်နှုန်းကို 1.87-sec အတွင်း မောင်းပြလိုက်တဲ့ Porsche 911 Turbo S

0

Full article

Turbo S ဆိုတဲ့ အမည်နာမဟာ Porsche ထုတ်ကုန်တွေထဲမှာ အမိုက်ဆုံးတစ်ခု။ Porsche 911 ဆိုတဲ့အမည်ဟာလည်း ဘာမှကွဲပြားမှုမရှိ၊ ရင်ခုံစရာအတိ။ Porsche 911 Turbo S ကတော့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးပေါင်းစည်းထားမှုပါပဲ။

ဖေါ်ပြထားတဲ့ ဗီဒီယိုကတော့ EKanooRacingTV ကထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ 911 Turbo S ကို Bahrain International Circuit မှာမြန်နှုန်းစမ်းသပ်မောင်းနှင်ထားတာပါ။ မြင်ရကြားရတဲ့အတိုင်း၊ အင်ဂျင်သံဟာ စိတ်လှုပ်ရှားစရာကောင်းလှပြီး စထွက်တဲ့ပုံကလည်း အင်ပြည့်၊ အားပြည့်၊ မြဲမြံမှုကလည်း အမြင့်ဆုံးနဲ့။ ဒုံးယာဉ်ပျံတစ်စီးလိုထွက်သွားတဲ့ 911 Turbo S ဟာ တစ်နာရီမိုင်ခြောက်ဆယ်နှုန်း (96 kilometers per hour) ကိုရဖို့အတွက် 1.8-sec စွန်းစွန်းလေးပဲကြာမြင့်ခဲ့တယ်။ တစ်နာရီ မိုင်တစ်ရာသုံးဆယ်နှုန်း (209-kph) ကိုရောက်ဖို့ 5.31-sec ပဲကြာတယ်။​ 5.31-sec ဆိုတော စွမ်းဆောင်ရည်ကားတချို့အတွက် တစ်နာရီမိုင်ခြောက်ဆယ်နှုန်းကိုရောက်ဖို့ ကြာတဲ့အချိန်ပါ။ မြန်နှုန်းမြင့်အောင် ပြန်လည်ပြင်ဆင်ထားတဲ့ 911 Turbo S ဟာ မိုင်တစ်မတ်ကို (တစ်မိုင်ရဲ့လေးပုံ ပုံ တစ်ပုံ) ကိုရောက်ဖို့ 8.47-sec ပဲကြာမြင့်ခဲ့ပါတယ်။ 169.37-mph (273-kph) နှုန်းနဲ့ပါ။

Porsche 911 Turbo S ကို ဘာမှပြုပြင်ထားခြင်းမရှိဘဲ ဝယ်မယ်ဆိုရင်တော့ twin-turbocharged 3.8-liter inline-six အင်ဂျင်နဲ့ရရှိမှာဖြစ်ပြီး transmission အဖြစ်နဲ့ 7-speed dual-clutch gearbox နဲ့ရရှိမှာဖြစ်ပါတယ်။ 4-wheel drive ပါ။ Stock ကားဟာ 522-hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး torque ကတော့ 700-Nm အထိရရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ stock ကားနဲ့ဆိုရင် 0-60-mph ကိုရောက်ဖို့ 2.9-sec လောက်ကြာမြင့်မှာဖြစ်ပြီး မြန်နှုန်းမြင့်အောင် ပြန်လည်ပြင်ဆင် tuned ထားတဲ့ ဗီဒီယိုထဲက Porsche 911 Turbo S ဆိုရင်တော့ မြင်ကြရတဲ့အတိုင်း 1.87-sec ပဲကြာမြင့်မှာပါ။

Ref:Porsche 911 Turbo S Does 0-60 In 1.87 Seconds, Quarter Mile In 8.47
EKanooRacingTV / YouTube

Author