Pond’s Myanmar နှင့် Ford Myanmar တို့ပူးပေါင်း၍ နှစ်သစ်ကူးအထူးအရောင်းမြှင့်တင်ပွဲကို မိတ်ဆက်

0

Full article

Unilever Myanmar မှ Pond's Men သည် Ford Myanmar နှင့် ပူးပေါင်းကာ နှစ်သစ်ကူး အထူးအရောင်းမြှင့်တင်ပွဲကို နိုဝင်ဘာ ၁၊ ၂ဝ၁၇ မှ ဖေဖော်ဝါရီ ၂၈ ၊ ၂ဝ၁၈ အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အရောင်းမြှင့်တင်ပွဲတွင် Brand New Ford Everest ကားတစ်စီး၊ Brand New Ford Rap Cab ကားတစ်စီး၊ iPhone 7 ခြောက်လုံးနှင့် ငွေသားဆုထောင်ပေါင်းများစွာကို ကံစမ်းရယူနိုင်မည်ဖြစ်ဟု သိရသည်။

သုံးစွဲသူများသည် အရောင်းမြှင့်တင်သည့် ကာလအတွင်း မည်သည့် ၁ဝဝ ရမ် Pond's Men မျက်နှာ သစ်ဆပ်ပြာကိုမဆို ဝယ်ယူပြီး ဘူးခွံပေါ်တွင်ပါရှိသည့် ခဲခြစ်ကံစမ်းမဲကို ခြစ်ကာ မိမိရရှိသည့်ဆုမဲကို ချက်ခြင်းစစ်ဆေးနိုင်ကြောင်းသိရသည်။

Unilever မှ Senior Brand Manager ဖြစ်သူ ဒေါ်တင်မျိုးဆက်က "ဘဝမှာ အောင်မြင်မှုရဖို့အတွက် မိမိ ကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးပါပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ရရှိစေဖို့၊ ဖြူစင်အား ပြည့်ပြီး ဝက်ခြံကင်းစင်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ Pond's Men ကို သုံးစွဲကြတဲ့ မြန်မာ အမျိုးသားများကို ဒီအစီအစဉ်ကတဆင့် ပြန်လည်ကျေးဇူးတုံ့ပြန်ချင်တာ ဖြစ်ပါတယ်" ဟု ပြောကြား ခဲ့သည်။

Ford ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Capital Automotive မှ အထွေထွေမန်နေဂျာ Mr.David Stotter က "ခေတ်သစ်မြန်မာအမျိုးသားတွေရဲ့ ရုပ်ရှည်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေဖို့ နောက်ကွယ် က အကောင်းဆုံး အားဖြည့်ပေးနေတဲ့ Pond's Men နဲ့ အတူလက်တွဲပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပရိုမိုး ရှင်း အစီအစဉ်တွေထဲက တစ်ခုကို လုပ်ဆောင်နိုင်တဲ့အတွက် Ford နေနဲ့ ဝမ်းသာမိတဲ့အပြင် ဒီအစီအ စဉ်ရဲ့ ကံထူးရှင်တွေကို တွေ့ဆုံပြီး ဒီဆုတွေကြောင့် သူတို့ဘယ်လိုပျော်ရွှင်ရသလဲဆိုတာကိုလည်း သိချင်နေမိပါတယ်။" ဟု ပြောကြားခဲ့သည်။

Author