ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ကား အစီးရေ ၁၄ဝ ကျော် နှင့် လိုင်စင်မဲ့ဆိုင်ကယ် အစီး ၄ထောင် ခန့်ဖမ်းဆီးထား

0

Full article

_ Photo Credit_

ရန်ကုန်တိုင်ဒေသကြီးအတွင်း၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ အထိ လိုင်စင်မဲ့ ကားအစီးရေ ၁၄ဝ ကျော် ဖမ်းဆီးမိထားပြီး လိုင်စင်မဲ့ဆိုင်ကယ် အစီးရေ ၄ထောင် ကျော် ဖမ်းဆီးရရှိထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းစီးစစ်ဆေးရာတွင် ယာဉ်နံပတ်ပြားအပါအဝင် မော်တော်ယာဉ်၏ စာရွက်စာတမ်း များကိုပါ ကြည်ရှုစစ်ဆေးမှူများရှိခဲ့ပြီး မော်တော်ယာဉ်မှတ်ပုံတင်ထားသည့် အထောက်အထားများဖြင့် မှန်ကန်မှုရှိမရှိ ထိရောက်စွာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

"ဒီနှစ်ထဲမှာ လိုင်စင်မဲ့ကား ၁၄ဝ ကျော်ဖမ်းဆီးရရှိထားတယ်။ ဆိုင်ကယ်က အစီး ၄ထောင်ကျော်တယ်။ လိုင်စင်မဲ့ကားတွေကို ထိရောက်စွာဖမ်းဆီးမှူတွေ လုပ်နေပါတယ်။"ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပြပါသည်။

ရန်ကုန်တွင် လိုင်စင်မဲ့ ကား ဖမ်းဆီးမှူကို စစ်ဆေးရေးအဖွဲ့ များဖွဲ့စည်း၍ အရှိန့်မြင့် လုပ်ဆောင်ရန် ညွန်ကြားထားရှိတယ်လို့ သိရသည်။

လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးရမိပါက သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် အရေးယူမည်ဖြစ်ရာ တရားဝင်မှတ်ပုံတင်ထားသည့် ဆိုင်ကယ်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author