သင်္ကြန်ရက်အတွင်း ဌာနဆိုင်ရာ ဆိုင်ကယ်များ ရန်ကုန်မြို့တွင်း စီးနင်းခွင့်ပေးမည် မဟုတ်

0

Full article

သင်္ကြန်ရက်အတွင်း ရန်ကုန်မြို့စည်ပင်နယ်နမိတ်အတွင်းတွင် ဌာနဆိုင်ရာ ဆိုင်ကယ်များကိုလည်း စီးနင်းခွင့် ပေးမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မူးရုံးက သိရပါသည်။

"နှစ်တိုင်း သင်္ကြန်ရက်အတွင်းမှာ ဌာနဆိုင်ရာတွေကိုလည်း ဆိုင်ကယ်စီးနင်းခွင့်လုံးဝခွင့်မပြုပါဘူး။ သင်္ကြန်မှာ ယာဉ်အန္တရာယ်ဖြစ်မှူက ပိုများလာတဲ့ အတွက် ဆိုင်ကယ်စီးနင်းတာကိုခွင့်မပြုတာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုနှစ်သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များ ခွင့်ပြုပေးမှာ ဖြစ်၍ ရန်ကုန်မြို့မှာ ပိုမိုစည်းကားလာမှာဖြစ်ပြီး မဏ္ဍပ်များ ခွင့်ပြုချပေးတဲ့နေရာများသိရပါက ရန်ကုန်မြို့တွင်တစ်လမ်းမောင်းလမ်းများ သတ်မှတ်ခြင်းနှင့် ယာဉ်စည်းကမ်းလိုက်နာရမည့် အချက်များကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းများဖမ်းဆီးရာတွင် ယခုနှစ် ၃ လအတွင်း ဆိုင်ကယ် အစီးရေ ၁၁ဝဝ ကျော် ဖမ်းဆီးရရှိမှူရှိခဲ့ကြောင်း သိရပါသည်။

Regulation

Author