အဆင့်မြင့် နည်းပညာ မလုပ်ဆောင်နိုင်သ၍ လိုင်စင်မဲ့ကားများ ထိရောက်စွာ ဖမ်းဆီးရန် ခက်ခဲနိုင်ဟုဆို

0

Full article

![](/redline/content/images/2017/07/gegege-1-300x199.jpg)

_ Photo Credit_

လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးရာတွင် အရည်အသွေးမြင့်မားသော အုံနာဘုတ်၊ ဝှီးတက်များနဲ့ စာရွက်စာတမ်းများ အတုပြုလုပ်နေမှူရှိနေရာ အဆင့်မြင့် နည်းပညာ မလုပ်ဆောင်နိုင်သ၍ လိုင်စင်မဲ့ကားများ ထိရောက်စွာ ဖမ်းဆီးရန် ခက်ခဲနိုင်ဟုဆိုကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ လိုင်စင်မဲ့ယာဉ်ဟုတ်မဟုတ် သိရှိနိုင်ရန် မျက်မြင်ကြည့်ရှူရုံနဲ့ မသိရှိနိုင်ဘဲ တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များ စာရင်းသည် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနတွင်ရှိနေပြီး နေ့စဉ် ယာဉ်မှတ်ပုံတင်ဆောင်ရွက်နေတဲ့ ကားအစီးရေများပြားစွာရှိနေခြင်းတို့ကြောင့် လိုင်စင်မဲ့ကားဟုတ်မဟုတ် ဖမ်းဆီးစစ်ဆေးရန် ခက်ခဲနေလျှက်ရှိတယ်လို့ သိရပါတယ်။ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးဖို့က မှတ်ပုံတင်ထားတဲ့ ယာဉ်တွေရဲ့စာရင်းတွေ တိတိကျကျသိရှိထားဖို့လိုတယ်။ လိုင်စင်မဲ့ကားနဲ့ စာရွက်စာတမ်းတွေကလည်း အစစ်နီးနီးလောက်ကို အတုပြုလုပ်ထားကြတယ်။ သေချာဖမ်းဆီးစစ်ဆေးဖို့က RFID စနစ်နဲ့စစ်ဆေးမှပဲရနိုင်မယ်။ အတက်နိုင်ဆုံးတော့ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပါတယ် ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့နေပြည်တော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မကြာခင် မော်တော်ယာဉ်များတွင် RFID စနစ်တပ်ဆင်၍ တရားဝင်မှတ်ပုံတင်ထားတဲ့ ယာဉ်နှင့် လိုင်စင်မဲ့ without ကားခွဲခြားစစ်ဆေးသွားမှာဖြစ်ရာ ထိုစနစ်တွင် နည်းပညာမြင့် ဆော့ဝဲလ် အသုံးပြုထားမှာဖြစ်ပြီး မှတ်ပုံတင်လုပ်ဆောင်တဲ့ ကားအားလုံး၏စာရင်းများ ထည့်သွင်းကာ ဖမ်းဆီးစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှူမှာ အစီးရေ ၇ဝ ကျော်ရှိပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားရှိကြောင်း သိရပါသည်။

ခေတ်သစ်

Author