Full article

PolarStar HD သည် [Technomation](https://www.facebook.com/Technomation "Technomation") ကုမ္ဗဏီမှ ထုတ်လုပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာသုံး Car Navigation ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ဟိုင်းဝေးလမ်း မြေပုံများနှင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် စသည့် မြို့ကြီးများ၏ အသေးစိတ် 3D မြေပုံများကို မြန်မာဘာသာနှင့် အသုံးပြုနိုင်သည့် မော်တောယာဉ်လမ်းညွှန် GPS ဖြစ်သည်။ 

IMG_2423-500x333

Design

PolarStar HD သည် မျက်နှာပြင်အရွယ်အစား ၇ လက်မရှိပြီး ကိုယ်ထည်မှာ ရှေ့ဖက်တွင် aluminum frame နှင့်ဖြစ်ပြီး နောက်ကျောဖက်မှာ အမည်းရောင် plastic သားဖြင့် တည်ဆောက်ထားပါသည်။ အလျားမှာ ၆.၈ လက်မ၊ အနံ ၄.၃ လက်မနှင့် အထူ ဝ.၄ လက်မခန့်ရှိသော ထို GPS သည်အလေးချိန်အားဖြင့် ပေါ့ပါးသည်ဟု ဆိုနိုင်ပါသည်။

စက်၏ ဘယ်ဖက် အပေါ်ထောင့်တွင် အဖွင့်အပိတ်ပြုလုပ်သည့် Power button ရှိပြီး ဘေးဘယ်ဖက်တွင် 3.5mm audio output တစ်ခု၊ microSD ကဒ်ထည့်ရန်အပေါက်တစ်ခုနှင့် micro USB အားသွင်းပေါက်တစ်ခု ပါရှိသည်။ လည်းကောင်း၏ ၇ လက်မအရွယ်အစား 800-by-480 pixels resolution ရှိသည့် screen သည် အလင်းအမှောင်နှင့် အရောင်အသွေးဖော်ပြနိုင်မှုကောင်းမွန်သော်လည်း တစ်ခါတစ်ရံ နေ၏အလင်းရောင်ကြောင့် အလင်းပြန်မှုအနည်းငယ် ရှိနိုင်ပါသည်။

IMAG0035

Performance

မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် 3D မြေပုံလမ်းညွှန်ဖြင့် မောင်းနှင်နိုင်ပြီး ဈေးဝယ်စင်တာများ၊ ဓါတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များ အပြင် သွားလိုသည့် လမ်းနာမည်များကို ရှာဖွေနိုင်သည်။ မောင်းနှင်ရမည့် လမ်းကြောင်းကို မြေပုံတွင်သာမက အသံဖြင့်လည်း လမ်းညွှန်ပေးမည့် turn-by-turn navigation စနစ်နှင့်အတူ လိုရာခရီးကို သွားနိုင်ပါသည်။

Untitled-2

MyanmarCarsDB မှစမ်းသပ်အသုံးပြုကြည့်မှုအရ စက်ဖွင့်အပြီး စက္ကန့်အနည်းငယ်အတွင်းတွင် မိမိရောက်ရှိနေသည့်နေရာမြေပုံအား load လုပ်၍ ဖော်ပြနိုင်သည်ကို တွေ့ရသည်။ မြေပုံ၏ Routing လမ်းညွှန်စနစ်သည် ရောက်ရှိလိုသောနေရာအား အနီးဆုံး သို့မဟုတ် အမြန်ဆုံးလမ်းကို တွက်ချက်လမ်းညွှန်ပေးမည်မဟုတ်ပဲ အဆင်ပြေဆုံးနှင့် အကောင်းဆုံးဖြစ်နိုင်မည့် လမ်းကြောင်းကို တွက်ချက်လမ်းညွှန်ပေးသည့် စနစ်ဖြစ်သည်။ မြို့တွင်းတွင် တစ်လမ်းမောင်း သတ်မှတ်ထားသည့် လမ်းများကိုလည်း မြေပုံတွင် အမှတ်အသားဖြင့် ထင်ရှားစွာ ဖော်ပြထားသည့်အတွင် တစ်ခါတစ်ရံ တစ်လမ်းမောင်းအား မှားဝင်မိခြင်းမျိုး မဖြစ်နိုင်ပါ။ မော်တော်ယာဉ်၏ အမြန်နှုန်းကို screen ပေါ်တွင် မြင်ရမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း သို့မဟုတ် အဝေးပြေးလမ်းမပေါ်တို့တွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ပါက အချက်ပေးသံထွက်ပေါ်လာပါလိမ့်မည်။

Untitled-1

Other Features

Bluetooth စနစ်ပါရှိသည့်အတွက် ဖုန်းလက်ခံ စကားပြောခြင်း၊ မိမိဖုန်းထဲမှ သီချင်းများကို ချိတ်ဆက်၍ဖွင့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ built-in internal speaker တစ်ခု ပါရှိပြီး ဗွီဒီယိုဖိုင်များကိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ FM Transmitter နှင့် A/V input တစ်ခုလည်း ပါရှိပြီး သီချင်းနှင့် ဗွီဒီယိုစသည်တို့ သိမ်းဆည်းထားနိုင်ရန် 4GB memory လည်းပါရှိသည်။

Conclusion

မြန်မာကျပ်ငွေ ၁၆ဝ,ဝဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိသော PolarStar HD မော်တော်ယာဉ်လမ်းညွှန် GPS သည် နိုင်ငံတကာတွင် ရောင်းချနေသည့် Garmin အမှတ်တံဆိပ် ကဲ့သို့သော GPS များနှင့်ယှဉ်လျှင် ဈေးနှုန်းအရ များစွာသက်သာပြီး PolarStar HD ၏ အရည်အသွေး၊ ပါဝင်သည့် feature များ၊ မြန်မာလိုအသုံးပြုနိုင်မှု စသည့်အချက်များဖြင့် နှိုင်းယှဉ်ကြည့်ပါက မိမိတို့မော်တော်ယာဉ်များတွင် တပ်ဆင်ထားသင့်သည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။

Special Promotion
MyanmarCarsDB.com နှင့် Technomation ကုမ္ဗဏီတို့ပူးပေါင်း၍ အထူးအစီအစဉ်အနေဖြင့် MyanmarCarsDB.com မှအရောင်းအဝယ်ဖြစ်မြောက်သွားသော ကားများအတွက် PolarStar HD တစ်ခုဝယ်ယူပါက discount အနေဖြင့် ၁ဝ,ဝဝဝ ကျပ် (တစ်သောင်းကျပ်တိတိ) လျော့ပေးသွားမည်ဖြစ်ပါသည်။

Author