Full article

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်နဝါရီလ ၂၃ရက်နေ့က လွတ်လပ်စွာ ကားတင်သွင်းခွင့်ပေးရန် စီစဉ်နေကြောင်း ဇန်နဝါရီလ ၂၃ရက်နေ့တွင် ပြောကြားခဲ့သည်။ ယခုလောလောဆယ်တွင် လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော ပြင်ပ အသင်းအဖွဲ့၏ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အစည်းများ၏ တာဝန်ရှိသူများထံမှ အမြင်များကို ကောက်ခံနေသည်ဖြစ်ကြောင်း၊ အတိအကျ ဆွေးနွေးဦးမည်ဟု ပြောကြားသွားခဲ့သည်။

အစီအစဉ်မှာ ဇိမ်ခံကားများကို အခွန်နှုန်းအမြင့်ဖြင့်လည်းကောင်း၊ အများပြည်သူသုံး ဘတ်စ်ကား၊ အငှားယာဉ်များ ကိုအခွန်နှုန်းအနိမ့်ဖြင့်တင်သွင်းခွင့်ပြုရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သွားလာကူးသန်းရေးနှင့် စီးပွားရေးကို အထောက်အကူပြုနိုင်သော ကားများကို အခွန်နှုန်းနိမ့်နိမ့်ဖြင့် တင်သွင်းခွင့်ပြုမည်ဟု ယူဆရပါသည်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် အဆိုပါ ထုတ်ပြန်ချက်များ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအစီအစဉ်အပေါ် Stakeholder များ၏ အမြင်များကို သေချာဆွေးနွေးဆုံးဖြတ်ပြီးမှသာ အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း Eleven Media Group မှ တစ်ဆင့် သတင်းရရှိပါသည်။

Author