၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားများကို အပ်နှံခွင့်ပေးရာတွင် Pick Up ကားများကို လူစီးစလစ်ပေးမည်မဟုတ်

0

Full article

![width=300](/redline/content/images/2017/05/ege-300x200.jpg)

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေတဲ့ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားတွေကို ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုပေးသော်လည်း ယာဉ်လိုင်းများတွင် ပြေးဆွဲနေတဲ့ Pick up ကားတွေကိုလူစီးစလစ် ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကပြောပါတယ်။ ၁၉၉၅ မိုဒယ်အောက်ကားတွေကို အပ်နှံခွင့်ပေးတာ Pick up ကားတွေမပါပါဘူး။ လူစီးစလစ် ကို Pick up ကားတွေမရဘူးလို့ ကညနက သတ်မှတ်ထားပါတယ်။ တစ်ခြားကားတွေကိုတော့ အစီးရေ ၂ဝဝဝ ကျော်တယ် လူစီးစလစ်ပေးပါတယ်။ လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ အတွင်းရေးမှူး ဒေါ်က်တာမောင်ကက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပြေးဆွဲနေတဲ့ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် CNG ကားများဖြစ်တဲ့ စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားအစီးရေ ၃ဝဝဝ ကျော် အပ်နှံဖို့တင်ပြထားတယ်လို့လည်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author