ခရီးသည်တင် ပစ်ကပ်ကားများကို လူစီးစလစ်ထုတ်ပေးရန် တင်ပြထား

0

Full article

 

width=300

Photo Credit

၁၉၉၅ မိုဒယ်အောက်ခရီးသည်တင်ကားများကို လူးစီးစလစ်ထုတ်ပေး၍ ဇွန် ၂ဝ ရက်နောက်ဆုံး အပ်နှံခွင့် ပေးနေသော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူ ဦးစီးဌာနကသတ်မှတ်ထားသောကြောင့် ပစ်ကပ်ကားများကိုမူ လူစီးစလစ်ထုတ်မပေးဘဲရှိနေသည်။ ထိုကြောင့် ခရီးသည်တင် ပစ်ကပ်ကားများကို လူစီးစလစ် ထုတ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အားတင်ပြထားရှိတယ်လို့ သိရပါတယ်။ ခရီးသည်တင်ပစ်ကပ်တွေကို လူစီးစလစ်ပေးဖို့ တင်ပြထားတာရှိပါတယ်။ ကညနရဲ့ မူဖြစ်နေလို့ ပစ်ကပ်ကို လူစီးစလစ်မရပါဘူး။ ၁၉၉၅ မိုဒယ်အောက်ကားတွေကိုတော့ ဇွန် ၂ဝ မှာ အပြီး အပ်ဖို့ ပြောထားပါတယ်။ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ဝင်တစ်ဦးကပြောခဲ့သည်။ယနေ့အထိ ခရီးသည်တင်CNG ၁၉၉၅ မိုဒယ်အောက်ကားများဖြစ်တဲ့ စီးတီးဘတ်စ် ၊ ဘီအမ် ၊ ဒိုင်နာ အပ်နှံပြီးဖြစ်လူးစီးစလစ်ရယူထား သောကားအစီးရေ ၁၈ဝ၂ စီး ရှိနေပြီး ကားအစီးရေ ၉ဝဝ ကျော်အပ်နှံခွင့်ကျန်ရှိနေသေးကြောင်း သိရပါတယ်။

ခေတ်သစ်

Author