ခရီးသည်တင် ပစ်ကပ် ကားများကို ယနေ့မှစ၍ လူစီးစလစ်ခွင့်ပြု ပေးမည်

0

Full article

![](/redline/content/images/2017/06/11-1-300x199.jpg)

Photo Credit

ယနေ့ကနေစပြီးခရီးသည်တင်ယာဉ်လိုင်းများမှ ပစ်ကပ်ကားများလာရာက် အပ်နှံပါကလူးစီးစလစ်ထုတ်ပေးမှာ ဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူ ဦးစီးဌာနက သိရသည်။ တင်ဆောင်အား 1500kg ရှိတဲ့ ပစ်ကပ် ကားများသည် လုပ်ငန်းသုံး အုပ်စုတွင် ပါရှိနေသော်လည်း အထူးကိစ္စအနေဖြင့် တင်ပြတောင်းဆိုမှူကြောင့် အပ်နှံခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါတယ်။ ခရီးသည်တင်ပစ်ကပ်ကားတွေက ဒိုကားတွေကို ဒီနေ့ကစပြီး အပ်နှံမယ်ဆိုရင် လူးစီးစလစ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ခရီးသည်တင်ယာဉ်ပစ်ကပ်ကားတွေကိုပဲ ဖြစ်ပါတယ်။ လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနကနေ သိရပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေး အဖွဲ့ကနေ ပစ်ကပ်ကားများကို လူစီးစလစ်ခွင့်ပြုပေးရန် တောင်းဆိုမှူကြောင့် လူစီးစလစ် ထုတ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အားတင်ပြထားခဲ့၍ ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများတွင် ပြေးဆွဲသည့် ပစ်ကပ် ကားအစီးရေ ၆ဝ နီးပါးရှိနေပြီး ထိုကားများကို မူရင်း CNG ပါရှိပါက အပ်နှံခွင့်ပြုသွားမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိ အပ်နှံခွင့်ပြုမယ့် ပစ်ကပ် ခရီးသည်တင်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူ ဦးစီးဌာနမှ အပ်နှံခွင့်မပေးဘဲ ထားခဲ့ရာကနေ ယခုပြန်လည်ခွင့်ပြုပေးတာဖြစ်တယ်လို့ သိရပါတယ်။ ကားဟာင်းအပ်နှံပြီး လူစီးစလစ်ထုတ်ပေးမယ့်ပစ်ကပ်ကားအစီးရေ ၅ဝ နီးပါးရှိနေကြောင်းသိရပါတယ်။

ခေတ်သစ်

Author