ကျောင်းကားစနစ်ပြေးဆွဲရာတွင် ပစ်ကပ်ကားများ လိုက်ထရပ်ယာဉ်များကို ပြေးဆွဲခွင့်မပြု တော့ဘဲ မှန်လုံကားများကို သာပြေးဆွဲခွင့်ပြုမည်

0

Full article

![width=300](/redline/content/images/2017/05/gege-1-300x225.jpg)

ကျောင်းကားစနစ်ပြေးဆွဲရာတွင် လုံခြုံမှုမရှိသောပစ်ကပ်ကားများနှင့် လိုက်ထရပ်ယာဉ်များကို ပြေးဆွဲခွင့်မပြုတော့ဘဲ မှန်လုံကားများကိုသာ ယခင်အတိုင်းပြေးဆွဲနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောင်းကားကိစ္စနှင့်ပတ်သက်သော အစည်းအဝေးတက်ရောက်ခဲ့သူများက သိရပါတယ်။ ဒီနေ့တော့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဝန်ကြီးဒေါ်နီလာကျော်ဦးဆောင်ကာ စည်ပင်သာယာမှကော်မတီဝင် ဒေါ်မေမေသွယ် အပါဝင် တာဝန်ရှိသူများ လွှတ်တော်ကော်မတီခမ်းမ ၌ school bus ကိစ္စကို ဆွေးနွေးမေးမြန်းကြပါတယ်။ ဒီနေ့ဆွေးနွေးတဲ့အချိန်မှာတော့ ဝန်ကြီးပြောပြချက်တွေ ဟာအားလုံးလက်ခံနိုင်လောက်တဲ့ အခြေနေမှာရှိပါတယ်။ ဝန်ကြီးရဲ့ပြောပြချက်များအရ

ကျောင်းကားကိစ္စကို ကျောင်းအားလုံးမဟုတ်ပဲ ၂၂ ကျောင်းလောက်ပဲ ပါဝင်ပါတယ် ကျောင်းကားကိုလည်းမစီးမနေရ မဟုတ်ပဲ ယခုစီနင်းသောကားများဟာ ကျောင်းသားတွေအတွက်လုံခြုံစိတ်ချရမှု့ရှိတယ်ဆိုရင်၎င်းကားတွေကိုဆက်လက်အသုံးပြုနိုင်ပါတယ် သို့သော် လိုက်ထရက်ကားများ pick up ကားများမပါဝင်ပါ။ အလုံးချိန်းထားသောကားများဆက်လက်ဆွဲနိုင်ပါတယ်။ TTC လိုကျောင်းအပါဝင် ကိုယ်ပိုင်ကားစီနင်းသူများဟာ ရပ်-တင်-ချ စနစ်ဖြင့်ကျောင်းကိုပို့မယ်ဆိုရင် လက်ခံနိုင်ပါတယ်

mini bus ကားတွေကို ကျောင်းကားအဖြစ် တဖြည်းဖြည်းပြောင်းသွားမယ် ကျောင်းကားလုပ်ငန်းကို ကျောင်းအုပ်ကြီးများ က တာဝန်ယူရမှာပါ။ ကျောင်းကားအတွက် အစီး ၂ဝဝ အစိုးရက မှာယူ ထားပါတယ်။ ဒီလကုန်ရင်ရောက်ပါလိမ့်မယ်။ ဒီကားတွေဟာ show room မှာဝယ်ရင် ဒေါ်လာ ၄သောင်းကျော်ရှိပါတယ်။ အစိုးရစီမှဝယ်လျှင် ဒေါ်လာတစ်သောင်း

လောက်သက်သာမယ်ဟုပြောပါသည်။ ယာဉ်ကြောကျပ်တည်းမှု ဖြေလျော့ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းပေါင်း (၂၆)ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများကို တွေ့ဆုံကာ လာမည့်ပညာသင်နှစ်တွင် ကျောင်းကား စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလကုန်ပိုင်းက ဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author