Peugeot မှ High 5 To Peugeot Promotion ပွဲကို Junction City တွင် ၃ ရက်ကြာ ကျင်းပသွားမည်

0

Full article

Peugeot မှ High 5 To Peugeot Promotion ပွဲကို မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ Junction City တွင် ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

High 5 To Peugeot Promotion ပွဲမှာ Peugeot luxury SUV ကားသစ်တွေဖြစ်တဲ့ Peugeot 2008 SUV နဲ့  Peugeot 3008 SUV တို့ကို ရောင်းချသွားမှာဖြစ်ပြီး ပြပွဲကာလအတွင်း လာရောက်ဝယ်ယူမယ့် customers တွေကို High 5 Promotion တွေအဖြစ်  ငွေကျပ် ၅သိန်းတန်ဖိုးရှိ fuel coupon (petrol)၊ Peugeot accessories ၅ မျိုး၊ ၅ နှစ်စာ maintenance free တို့ကိုပေးအပ်သွားမှာပါ။ ဒါ့အပြင် ၆လ၊ ၁နှစ်၊ ၁ နှစ်ခွဲ အရစ်ကျဝယ်ယူမှုတွေအတွက် ချေးငွေအပေါ် အတိုးမဲ့နဲ့ ရောင်းချသွားမယ့်အပြင် HP plan ဖြင့် ဝယ်ယူရာမှာလည်း အရစ်ကျ ၇ နှစ်အထိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

SUVs ကားသစ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ Junction City မှာကျင်းပနေတဲ့ High 5 To Peugeot Promotion ပွဲမှာဥရောပထုတ် Peugeot luxury SUVs တွေကို မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီ အတွင်း သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

Zing

Author