Peugeot Myanmar မှ Bastille Day (ပြင်သစ်အမျိုးသားနေ့) ကို ဂုဏ်ပြုသည့်အနေဖြင့် Bastille Day Celebration Continues အစီအစဉ်ကို ကျင်းပ

0

Full article

Peugeot Myanmar မှ ပြင်သစ်နိုင်ငံ၏ Bastille Day (ပြင်သစ်အမျိုးသားနေ့) ကို ဂုဏ်ပြုသည့်အနေဖြင့် Bastille Day Celebration Continues အစီအစဉ်ကို ကျင်းပလျက်ရှိကြောင်းသိရသည်။


Peugeot Myanmar မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ ကျော်ကျင်းပခဲ့သည့် ပြင်သစ်အမျိုးသားနေ့ (Bastille Day) ကို ဂုဏ်ပြုသည့်အနေဖြင့် Peugeot Myanmar Showroom တွင် Bastille Day Celebration Continues အစီအစဉ်ကို ၂၅.၇.၂၀၂၀ ရက်နေ့မှ ၂၆.၇.၂၀၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် ထူးခြားသည့် Discount အစီအစဉ်များ၊ အနည်းဆုံးကနဦးပေးသွင်းငွေစနစ်၊ နှစ်ရှည်အရစ်ကျ ငွေပေးချေမှု၊ သက်သာသည့် အတိုးနှုန်းအစီအစဉ်များအပြင်၊ ပထမဆုံးဝယ်ယူမည့် Peugeot Customers များအတွက် အထူးအစဉ်အစီများ၊ Brand New Peugeot ကားများကို စိတ်တိုင်းကျစမ်းသပ်မောင်းနှင်နိုင်မည့် Test Drive အစီအစဉ်၊ Test Drive မောင်းနှင်ပြီး လက်ဆောင်များယူနိုင်မည့် အစီအစဉ်များအပြင် ပြင်သစ်ရိုးရာအစားအစာများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

Peugeot ချစ်သူများအနေဖြင့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Peugeot Myanmar Showroom တွင် ၂၅.၇.၂၀၂၀ ရက်နေ့မှ ၂၆.၇.၂၀၂၀ ရက်နေ့အတွင်း မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Peugeot ကားသစ်များကို စိတ်တိုင်းကျစမ်းသပ်မောင်းနှင်ရင်း သွားရောက်လေ့လာ ဝယ်ယူနိုင်ကြောင်းသိရသည်။

Author