Personal ပါမစ် လျှောက်ထားသူများကို မှတ်ပုံတင် သန်းခေါ်င်စာရင်း မှန်မမှန် စစ်ဆေးမှူ အမြန်ဆုံး လုပ်ဆောင်ပေးရန်လို

0

Full article

Personal ပါမစ် လျှောက်ထားသူများကို မှတ်ပုံတင် သန်းခေါ်စာရင်း မှန်မမှန် စစ်ဆေးနေမှူသည် အချိန်ကြာမြင့်နေတဲ့အထိ ဖြစ်နေတဲ့အတွက် အမြန်ဆုံး လုပ်ဆောင်ပေးရန်လိုနေတယ်
လို့ ကားတင်သွင်းသူများကဝေဖန်ပြောဆိုနေကြပါသည်။ ထိုကဲ့သို့ personal ပါမစ်များကို မှတ်ပုံတင်၊သန်းခေါ်င်စာရင်း မှန်မမှန် စစ်ဆေးမှူကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်ဆင့် လူဝင်မှူကြီးကြပ်ရေးနဲ့ အမျိူးသားမှတ်ပုံတင်ရေးဦးစီးဌာန သို့ ပို့ဆောင်စစ်ဆေးနေရာ အချိန် ၂ ပတ်အထိ ကြာမြင့်နေတဲ့အတွက် ကားတင်သွင်းနေသူများ အခက်အခဲဖြစ်ပေါ်နေလျှက်ရှိတယ်လို့ သိရပါသည်။ "personal ပါမစ်လျှောက်တာ ကို မှတ်ပုံတင်တို့ သန်းခေါ်င်းစာရင်းတို့ တင်ပြရတယ်။ ပြီးရင် စီးကူးက လဝက ကို မှန်မမှန် စစ်ဆေးခိုင်းတယ်။ စစ်ဆေးတာက ၂ ပတ်လောက်အထိ တော်တော်လေးကြာနေတယ် မကျလာသေးဘူး။ လဝက ကလည်း စိစစ် နေရလို့ ဆိုပြီး ပြန်မချ ပေးဘူး။ ဌာနတွေ တစ်ခုနဲ့ တစ်ခု ချိတိဆက်တာ အားနည်းနေတယ်။ အဲ့လို ကြာတဲ့အတွက် ကားရောက်လာရင် အကောက်ခွန် ဒဏ်ကြေးက လည်း သိမ်းဆည်းတာရှိသေးတယ်။ တနေရာထဲမှာ စစ်ပြီး မှန်နေရင် ပါမစ်ချတာကို လုပ်ပေးသင့်ပါတယ်။" ဟု ကားတင်သွင်းနေသူ ကိုစိုးမိုး က ပြောသည်။ ကားတင်သွင်းရန် သြဂုတ်လ ပထမအပတ်မှ စပြီး ပါမစ် လျောက်ထားရန် တင်ပြထားသော်လည်း ယနေ့အထိ ပြန်လည် မချပေးသည့် ပါမစ်အစောင် ၃၅ဝ ရှိနေရာ အမြန်ပြန်လည် ချပေးရန် လိုနေတယ်လို့ သိရပါသည်။

ခေတ်သစ်

Author