Personal ပါမစ် လျှောက်ထားသူများကို လဝက သို့ တင်ပြရန်မလိုအပ်တော့ဘဲ လာမည့်အပတ်မှစ၍ ပြန်လည်ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကသိရပါသည်။
Personal ပါမစ် လျှောက်ထားသူများကို မှတ်ပုံတင် သန်းခေါ်စာရင်း မှန်၊ မမှန် စစ်ဆေးနေမှုသည် အချိန်ကြာမြင့်နေသည်အထိ ဖြစ်ပေါ်နေခြင်းကြောင့် လဝကသို့ ပေးပို့သွားရန်မလိုအပ်တော့ဘဲ လူကိုယ်တိုင်လာရောက်လျှောက်ထားပါက ခွင့်ပြုပေးရန် သတ်မှတ်ထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။
"လာမယ့်အပတ်က စပြီး Personal ပါမစ်လျှောက်တာတွေကို လဝက တင်ပြစရာမလိုတော့ပါဘူး။ တင်ထားတဲ့ ပါမစ်တွေ ကြန့်ကြာနေတာတွေကိုလည်း အကုန်ပြန်ချပေးသွားပါမယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကသိရပါသည်။
ကားတင်သွင်းရန် သြဂုတ်လ ပထမသီတင်းပတ်မှ စတင်ပြီး ပါမစ်လျောက်ထားရန် တင်ပြထားသော်လည်း ယနေ့အထိ ပြန်လည် မချပေးသည့် ပါမစ်အစောင် ၃၅ဝ ရှိနေရာ လာမည့်အပတ်တွင် ပြန်လည်ခွင့်ပြုပေးသွားတော့မည် ဖြစ်ကြောင်းသိရသည်။
Unicode Version