Full article

(၂ဝ၁၄) ခုနှစ်အတွင်း ဒီဇင်ဘာ (၂၄) ရက်နေ့အထိသာ ကားပါမစ်လျှောက်ထားခွင့်ပြုပြီး ရပ်ဆိုင်းခြင်းကြောင့် ပါမစ်လျှောက်ထားမှုများပြားခဲ့ကြောင်း ကားလောကအတွင်းမှ စုံစမ်းသိရှိရသည်.။ (၂ဝ၁၅) ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့မှစကာ ကားပါကင်ထောက်ခံချက်တောင်းခံပြီးမှ တင်သွင်းခွင့်ပါမစ် လျှောက်ထားရမည်ဖြစ်ခြင်း၊ က.ည.န အခွန်နှုန်းထားအပြည့် ကောက်ခံတော့မည်ဖြစ်ခြင်း၊ ပါမစ်သက်တမ်း (၃)လသာပေးခြင်း နှင့် ကားမဝယ်ယူမီကပင် ပါမစ်လျှောက်ထားရမည်ဖြစ်ခြင်း စသည့်ထုတ်ပြန်ချက်များကြောင့် (၂ဝ၁၄) ခုနှစ်၏ ကားတင်သွင်းခွင့်မူဝါဒတွင် အကျုံးဝင်စေရန် လျှောက်ထားမှုများပြားခဲ့ကြောင်း သိရသည်.။

ထိုကဲ့သို့များပြားခြင်းကြောင့် ပါမစ်မပိတ်မီကာလအတွင်း လျှောက်ထားသည့်ပါမစ်အရေအတွက်အတိုင်း ကားများတင်သွင်းလာပါက ၂ဝ၁၅ ခုနှစ်အတွင်း (၆)လကြာသည်အထိ တင်သွင်းနိုင်မည့် အစီးရေဖြစ်ကြောင်း ကား Sales Centre ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်.။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုများ၊ ပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် ရန်ကုန်မြို့အတွက် ကားတင်သွင်းခွင့်ကန့်သတ်ချက်များ ထုတ်ပြန်ပြီး ယခင်နှစ်များတွင် မကျင့်သုံးခဲ့သော ပါမစ်ရက်အကန့်အသတ်ပိတ်ခြင်းများမှာ ကားတင်သွင်းမှုပါမစ်လျှောက်ထားမှုကို များပြားစေကာ ထူးမခြားနားပင်ဖြစ်ကြောင်း သုံးသပ်ပြသည်.။
"ရန်ကုန်မှာ ယာဉ်ကြောကျပ်လို့ဆိုပြီး ကန့်သတ်ချက်တွေထုတ်တယ်.။ အရင်နှစ်တွေက မလုပ်ခဲ့တဲ့ပါမစ်ပိတ်တာ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ တစ်ပတ်လောက်ပိတ်လိုက်တယ်.။ လူတွေက အဲဒီမှာစုပြုံပြီး ပါမစ်တွေလျှောက်လိုက်တော့ အဲဒီအရေအတွက်က (၂ဝ၁၅) အတွင်းမှာ (၆) လကြာတဲ့အထိ သွင်းနိုင်တဲ့ အစီးရေ ဖြစ်သွားတယ်.။ လျော့တာဘယ်မှာရှိလို့လဲ.။ ထူးမခြားနားပဲ" ဟု ထောက်ပြခဲ့သည်.။
နှစ်ကုန်ပိုင်းတွင် စုပြုံလျှောက်ထားခဲ့သည့် ကားပါမစ်မှာ အစီးရေ ပျမ်းမျှ (၁၇ဝဝဝ)ကျော်ရှိမည်ဟု ခန့်မှန်းရကာ ထိုအရေအတွက်အား ပုံမှန်တင်သွင်းမှုပြုလုပ်ပါက (၂ဝ၁၅) ခုနှစ်အတွင်း (၆)လအထိ အချိန်ကြာမြင့်နိုင်သည့် အရေအတွက်ဖြစ်ကြောင်း သိရသည်.။

ဂျစ်တူး

ဇန်နဝါရီ (၉) -(၁၅)- ၂ဝ၁၅ ထုတ် Auto World Journal မှ ကူးယူဖော်ပြပါသည်။

www.myanmarcarsdb.com

Author