အရောင်းစင်တာများ လုပ်ငန်းသုံးယာဉ် တင်သွင်းမှုများလာလျှင် ကုမ္ပဏီလိုင်စင်ဖြင့် ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းမည်

0

Full article

Sale Center များ လုပ်ငန်းသုံးယာဉ် တင်သွင်းမှုများပြားလာလျှင် ကုမ္ပဏီလိုင်စင်ဖြင့် ယာဉ်တင်သွင်းခွင့်ကို ရပ်ဆိုင်း သွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရသည်။

မော်တော်ယာဉ် အရောင်းစင်တာများတွင် လုပ်ငန်းသုံးယာဉ် ပါမစ်လျှောက်ထားခြင်းကို ယာဉ်အစီး ၈ဝ အထိ ပါမစ်လျှောက်ထားခွင့်ပြုထားသော်လည်း ပါမစ်လျှောက်ထားမှု များပြားလာပါက ကုမ္ပဏီလိုင်စင်များဖြင့် လုပ်ငန်းသုံးယာဉ် တင်သွင်းမှုပါမစ်ကို ရပ်ဆိုင်းသွားမှာ ဖြစ်သည်ဟု သိရသည်။

"အရောင်းစင်တာတွေ ပါမစ် လျှောက်ထားလာတာ များလာရင်တော့ ကုမ္ပဏီ လိုင်စင်နဲ့လျှောက်တာကို မပေးတော့ ပါဘူး။ အခုအထိတော့ ကုမ္ပဏီ လိုင်စင်နဲ့ လုပ်ငန်းသုံးကားလျှောက်တာကို တစ်လကို တစ်စီး ခွင့်ပြုပေးထားတယ်။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကုမ္ပဏီလိုင်စင်ဖြင့် လျှောက်ထားရာတွင် လုပ်ငန်းသုံးယာဉ် အမျိုးအစားများဖြစ်သော Deliver Van, မီနီထရပ်၊ လိုက်ထရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ယန္တရားများနှင့် မီနီဘတ်(စ်)များသာ တင်သွင်းခွင့် ပြုသည်ဟု သိရသည်။

ခေတ်သစ်

Author