Full article

ဇန်နဝါရီ (၁) ရက်နေ့မှစတင်ကာ ကားတင်သွင်းခွင့်ပါမစ်များ ပြန်လည်စတင်ရာတွင် ကားပါကင်ထောက်ခံချက်တောင်းခံရမည့် အဆင့်ပိုလာခြင်းကြောင့် လျှောက်ထားသူနည်းပါးကာ (၂ဝ၁၄)ခုနှစ် ကားဟောင်းစလစ်အတွက်သာ လျှောက်ထားကြကြောင်း ကားလောကအသိုက်အဝန်းမှ စုံစမ်းသိရှိရသည်.။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ (၂ဝ၁၄)ခုနှစ်အတွင်း အပ်နှံထားသော ကားဟောင်းစလစ်များအတွက် ကားပါကင်ထောက်ခံချက်တောင်းခံရန် ကင်းလွတ်ခွင့်ပြုသည့်အတွက် ထိုစလစ်များအတွက်သာ လျှောက်ထားကြကြောင်း သိရသည်.။ ထိုသို့လျှောက်ထားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအတွင်း သွင်းကုန်လိုင်စင်ဌာနသို့ အဆိုပါ (၂ဝ၁၄) ခုနှစ်အတွင်း အပ်နှံထားသည့် ကားဟောင်းစလစ်များအတွက် ကားပါကင်ထောက်ခံချက်မလိုအပ်ကြောင်း ညွှန်ကြားချက်အမိန့်မရောက်ရှိသေးသည့်အတွက် ကြန့်ကြာမှုလည်းရှိခဲ့ကြောင်းသိရသည်.။

ဒီတစ်ပတ်အတွင်းမှာ အဆင်ပြေသွားပါလိမ့်မယ်.။ လိုင်စင်ဌာနကို အဲဒီ (၂ဝ၁၄) ခုနှစ်အတွင်းအပ်ထားတဲ့ စလစ်တွေအတွက် ကားပါကင်မလိုကြောင်း ညွှန်ကြားချက်အမိန့်မရောက်သေးလို့ပါ.။ မရောက်သေးတော့ လျှောက်လို့မရသလိုဖြစ်နေတာပါ.။ ညွှန်ကြားချက်စာရောက်ပြီးရင် အဆင်ပြေသွားပါလိမ့်မယ်.။ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်.။


နယ်လိုင်စင်အတွက်သာ (၂ဝ၁၅) ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့မှ စသည့် ပါမစ်လျှောက်ထားမှုပြုလုပ်ကြကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တင်သွင်းပါက ကန့်သတ်ချက်များကြောင့် ပါမစ်လျှောက်ထားသူ နည်းပါးသေးကြောင်းသိရသည်.။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းခွင့်ပါမစ်လျှောက်ရန် ကားပါကင်ရှိကြောင်း ထောက်ခံချက် တောင်းခံရာတွင် အနည်းဆုံးအချိန် (၃)ပတ်ခန့် ကြာမြင့်နိုင်ကာ ထိုထောက်ခံချက်ရရှိရန် အဆင့်အဆင့် တင်ပြရမည်ဖြစ်ကြောင်း သိရသည်.။ ထောက်ခံချက်ရရှိရန် အချိန်စောင့်ရပြီးမှသာ ပါမစ်လျှောက်ထားရမည်ဖြစ်သဖြင့် ယခုလတ်တလောအချိန်တွင် (၂ဝ၁၄) ခုနှစ်အတွင်း ရရှိထားသော ကားဟောင်းစလစ်များမှလွဲ၍ ပါမစ်လျှောက်ထားမှုမရှိသလောက် နည်းပါးနေကြောင်းသိရသည်.။

ရွှေစံ

ဇန်နဝါရီ (၉) -(၁၅)- ၂ဝ၁၅ ထုတ် Auto World Journal မှ ကူးယူဖော်ပြပါသည်။

www.myanmarcarsdb.com

Author