တစ်ဦးချင်း မော်တော်ယာဉ် ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၉ ရက်နေမှစ၍ နေပြည်တော် စီးကူးရုံးတွင်သာ ထုတ်ပေးမည်

0

Full article

ပြည်ပကနေ ကားတင်သွင်းတဲ့ပါမစ် တစ်ဦးချင်းမော်တော်ယာဉ်ပါမစ်လျှောက်ထားတာကို ဒီဇင်ဘာ ၁၉ ရက်ကနေစပီး ရန်ကုန်စီးကူးရုံးတွင် ထုတ်ပေးမည်မဟုတ်ဘဲ နေပြည်တော်စီးကူးတစ်ရုံးထဲတွင်သာ ထုတ်ပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားရှိပါတယ်။

လူပုဂ္ဂိုလ် တစ်ဦးချင်းကားတင်သွင်းတဲ့ပါမစ်ထုတ်ပေးရာတွင် မှတ်ပုံတင်အတုများ ပြင်ဆင်ထားခြင်းများရှိနေသဖြင့် ရန်ကုန်စီးကူးရုံးတွင်စိစစ်ရန်ခက်ခဲလာသဖြင့် နေပြည်တော်စီးကူးရုံးတွင် နေပြည်တော်လဝက မှ အရာရှိကြီးများ မှတ်ပုံတင်အတုအစစ်စစ်ဆေးရန် လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် နေပြည်တော်တွင်လုပ်ဆောင် ပေးတာဖြစ်တယ်လို့သိရပါတယ်။

တစ်ဦးချင်းကားတင်သွင်းတဲ့ ပါမစ်လျှောက်ထားရာတွင် မှတ်ပုံတင်အတုများဖြင့် လျှောက်ထားမှူများ ကားတင်သွင်းပီးဖြစ်သော်လည်း ထပ်မံလျှောက်ထားမှူများ ပြင်ဆင်ထားတဲ့မှတ်ပုံတင်များကို လာရောက်လျှောက်ထားနေသဖြင့် သေချာစိစစ်မှူများပြု လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author