Full article

သွင်းကုန်လိုင်စင် ခွင့်ပြု Model Year ထက်နိမ့်ကျပြီး တင်သွင်းလာသော မော်တော်ယာဉ်များ၏ စည်းကြပ်တန်ဖိုးကိုမြေပြင်တွင် အမှန် စစ်ဆေးတွေ့ရှိသည့် Model Year ဖြင့်စည်းကြပ်မည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သိရသည်။

285257

ပါမစ်ခွင့်ပြုသော Model Year ထက် Model Year နိမ့်သွင်းလာခြင်းကို ရုံးတွင်းညွန်ကြားလွှာ ၃၅/၂ဝ၁၂ အရ ဒဏ်တပ်ရိုက်ပြီး လိုင်စင်ခွင့်ပြု Model Year အတို်င်း အခွန်စည်းကြပ် ကောက်ခံ လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တင်သွင်းသူများ နစ်နာမှုမရှိစေရန် သွင်းကုန်လိုင်စင် ခွင့်ပြု Model Year ထက် Model Year နိမ့်တင်သွင်းလာသော ယာဉ်၊ယန္တရားများနှင့် စက်များအား Model Year နိမ့်ကျမှုနှင့် အခြားပြစ်ဒဏ်များကိုအမှန်တင်သွင်း လာသည့် Model Year ၏ စည်းကြပ်တန်ဖိုးအပေါ်တွင် အခြေခံ ၍ ဆောင်ရွက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ Model Year နိမ့်ကျပြီးတင်သွင်းလာသော ကားများကို မြေပြင်တွင် အမှန်စစ်ဆေး တွေ့ရှိသည့် Model Year ဖြင့် ဒဏ်ရိုက်ခြင်းနှင့် အခွန်စည်းကြပ်မည် ဖြစ်သဖြင့် မိုဒယ် ကွဲလွဲစွာ တင်သွင်းလာသော ကားပိုင်ရှင်များ အနေဖြင့် ယခင်ထက် ဒဏ်ကြေးနှင့် အခွန်သက်သာသွားမည်ဖြစ်သည်။

အကောက်ခွန်ဦးစီး ဌာန အနေဖြင့် မိုဒယ်နိမ့် တင်သွင်းလာသော ကားများကို ဒဏ်ကြေးငွေ ကောက်ခံရာတွင် ကားဟောင်းပါမစ်ဖြင့် တင်သွင်းပါက 1 Year Down ကို ဒဏ်ကြေးကင်းလွတ်။ 2 Year Down ကို 1/2 AV နှင့် 3 Year Down ကို 1 AV ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။

Ref; Automobile

Author

Comments