People Origin ကုမ္ပဏီမှ Valvoline အမှတ်တံဆိပ် စက်ဆီချောဆီအမျိုးမျိုး မိတ်ဆက်ပွဲ အခမ်းအ နားကျင်းပြုလုပ်

0

Full article

UMG group of companies လုပ်ငန်းစု၏ လုပ်ငန်းခွဲဖြစ်သော People Origin Co.,Ltd မှ Valvoline အမှတ်တံဆိပ် နိုင်ငံတကာ အရည်အသွေးပြည့်မှီသည့် စက်ယန္တရားသုံး စက်ဆီချောဆီအမျိုးမျိုး မိတ်ဆက်ပွဲကို သြဂုတ်လ ၂၇ ၊ ၂ဝ၁၇ တွင် ကျောက်ဆည်မြို့ ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ်ဆက်ပွဲတွင် Valvoline စက်ဆီချောဆီများ၏ အားသာချက်များကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြား ခဲ့ပြီး ကျောက်ဆည်ဒေသရှိ စက်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

People Origin Co., Ltd ၏ အထွေထွေမန်နေဂျာဖြစ်သူ ဒေါ်စုစုသွယ်က " Valvoline အမှတ်တံဆိပ် စက်ဆီ ချောဆီတွေဟာ နိုင်ငံတကာအသိအမှတ်ပြုဖြစ်ပြီး အရည်အသွေးဆိုင်ရာ လက်မှတ်တွေရရှိထားတာကြောင့် အရည် အသွေး ကောင်းမွန်မှုပိုင်းမှာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေဟာ Formulaအမျိုးမျိုးနဲ့ စက်ယန္တရားအမျိုးအစားတိုင်းအတွက် ကိုက်ညီအောင်ဖော်စပ်ထားတာကြောင့် မိမိတို့ရဲ စက် ယန္တရားအမျိုးအစားကိုလိုက်ပြီး စက်ဆီအမျိုးအစားအများကြီးထဲက ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ပါတယ်"ဟု ပွဲတကေ် ရာက်လာခဲ့သည့် ဒေသခံပြည်သူများနှင့် ဝယ်ယူသုံးစွဲသူများအား ပြောကြားခဲ့သည်။

ဆက်လက်၍ Valvoline အမှတ်တံဆိပ်၏ အထူးထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော All Fleet E 500 ဆီ အမျိုးအစားကို ပွဲတက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ၎င်း၏ အကျိုးကျေးဇူးများကို ပြောကြားသွားခဲ့သည်။ မိတ်ဆက်ပွဲနေ့တွင် ဝယ်ယူအားပေးသူ customer များကိုလည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အမှတ်တရလက်ဆောင် ပေးအပ်ခြင်းနှင့် အထူးလျော့ဈေးပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

Valvoline အမှတ်တံဆိပ် စက်ဆီချောဆီလုပ်ငန်းကို ၁၈၆၆ခုနှစ် အမေရိကန်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ ခြင်းဖြစ်ပြီး ယခုအခါ အမေရိကန်နိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ်သုံးပစ္စည်းအမှတ်တံဆိပ်ဖြစ်လာကာ နိုင်ငံပေါင်း ၁ဝဝကျော်သို့ မော်တော်ယာဉ်နှင့်စက်ယန္တရားဆိုင်ရာ ကုန်ပစ္စည်းပေါင်း ၄ဝဝကျော်အား ထုတ်လုပ်ဖြန့်ချိ ပေးလျက်ရှိသည်။ People Origin Co., Ltdသည် စတင်တည်ထောင်ခဲ့သည့် ၂ဝ၁၂ခုနှစ်မှ စတင်ကာ Valvoline အမှတ်တံဆိပ် စက်ဆီချောဆီအမျိုးမျိုးကို တင်သွင်းပြီးမြန်မာတစ်နိုင်ငံလုံးသို့ တင်သွင်းရောင်းချလျက်ရှိသည်။

Author