ယာဉ်မတော်တဆမှု မကြာခဏဖြစ်သည့် စံပြဈေး တွင် လူကူးခုံးကျော်တံတား ဇူလိုင်လအတွင်း အပြီး တည်ဆောက်မည်

0

Full article

![width=300](/redline/content/images/2017/05/ddd-300x169.jpg)

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီ့းတွင် လူကူးခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် ဇူလိုင်လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ လူကူးခုံးကျော်တံတား တည်ဆောက်မည့်နေရာမှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးနှင့် သံသုမာလမ်းထောင့် စံပြဈေးရှေ့မီးပွိုင့်အနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ " တံတားဆောက်လိုက်တော့ ခရီးသည်တွေ လမ်းဖြတ်ကူးရတာ လွယ်သွားမယ်။ ယာဉ်မတော်တဆဖြစ်တာတွေ လျော့ကျသွားမယ်။ ယာဉ်ပိတ်ဆို့မှုတွေ လျော့ကျသွားမယ်။ တံတားကို လာမယ့် ဇွန်လအကုန်မှာအ ပြီးဆောက်ဖို့လျှာထားပါတယ် " လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး လမ်းတံတားဌာနတာဝန်ရှိသူကပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် တံတားတည်ဆောက်မည့် ကုမ္ပဏီမှာ MYA THET TIN ဆောက်လုပ်ရေးဖြစ်ပြီး လက်ရှိတွင် ဖောင်ဒေးရှင်းစနေပြီဖြစ်ရာ တံတားနှင့်မလွတ်သည့် မြေအောက်ရေပိုက်လိုင်းများကို ဖယ်ရှားနေကြောင်း၊ တံတားအရှည်မှာ(၉၉)ပေ၊ လူသွားလမ်း အကျယ်(၈)ပေ၊ လှေကားအကျယ်(၆)ပေ၊ တံတားကင်းလွတ်အမြင့်(၁၅)ပေ ဖြင့်တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author