လမ်းဘေးပလပ်ဖောင်း ပြုပြင်ရေးနှင့် ကားမှတ်တိုင်တည်ဆောက်ခြင်းများကို ကမ္ဘာဘဏ်ချေး ငွေဖြင့်ဆောင်ရွက်မည်

0

Full article

![width=300](/redline/content/images/2017/06/11111-1-300x200.jpg)

_ Photo Credit_

လမ်းဘေးပလက်ဖောင်းများနဲ့ ကားမှတ်တိုင်တည်ဆောက်ခြင်းများကိုကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၁ဝဝဖြင့် ရန်ကုန်မြို့ ရေကြီးရေလျှံ မှုဖြစ်ပွားနေသည့် နေရာများကို ပြင်ဆင်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဇွန် ၉ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုး ရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ချက် များသတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်ကနေပြီးတော့ ကျွန်တော်တို့ကို သန်းပေါင်း ၁၂၅သန်း ကူညီဖို့ သဘောတူညီထားပြီးဖြစ်တယ် လာမယ့် ပွင့်လင်းရာသီမှာ ရေကြီးရေလျှံဖြစ်နေတဲ့ မြောင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် သန်း ၁ဝဝသုံးစွဲထား ဖို့ စီမံချက်ရေးဆွဲထားတယ်။ အဲ့ဒီ သန်း ၁ဝဝရေးဆွဲထားတဲ့ စီမံချက်နဲ့အတူ ပလက်ဖောင်းတွေကိုပါ ပြုပြင်သွားဖို့ စီမံထားပါတယ်။ ဒီ့အပြင် ပလက်ဖောင်း တွေပေါ်မှာရှိတဲ့ ကားမှတ်တိုင် ငါးရာကျော် ကို JCT Call ကုမ္ပဏီက တည်ဆောက်သွားမှာဖြစ်ပြီး ကျန်တဲ့ မှတ်တိုင်တွေကိုတော့ စည်ပင်က တည်ဆောက်သွားမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းစဉ် တွေကို ပူးပေါင်းပြီးဆောင်ရွက်နိုင်ဖို့စနစ် တကျစီမံကိန်းရေးဆွဲထားပြီးဖြစ်ပါတယ်။ ဒီငွေကြေးတွေ ဒီအခြေနေတွေရနိုင်ဖို့ အတွက် ပြီးခဲ့တဲ့တစ်နှစ်တာကာလမှာ ဆွေးနွေးမှုပေါင်း များစွာ၊ အကြိမ်ပေါင်းများ စွာ ဆောင်ရွက်ခဲ့ရပါတယ်။ အကောင်အထည်ဖော်နိုင်ဖို့ကို အခု ဘတ်ဂျက်နှစ်မှာ ဆောင်ရွက်မှာဖြစ်ပါတယ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောထားသည်။ ရေကြီးရေလျှံမှုဖြစ်နေခဲ့သည့် လမ်းများတွင် အခြေအနေကြာမြင့်စွာမဖြစ်ခြင်း၊ ရေဆွဲချနိုင်လောက် သည့် မြောင်းတွေထက်ပိုပြီး ဖန်တီးနိုင်ရန် ပြင်ဆင်ရမည်ဖြစ်ပြီး ရေများကို ရေစုပ်စက်ဖြင့် ဆွဲတင်နိုင်သည့် အခြေအနေရောက်အောင် ကြိုးပမ်းရမည် ဖြစ်သည်။ ဒီ့အတွက် တိုင်းဒေသကြီး အစိုးရမှ စဉ်ဆက်မပြတ်လေ့လာပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း နောက်ဖေးလမ်းကြားတွင် စည်ပင်သာယာဝန်ထမ်းများမှ အမှိုက်များ ကောက်ခဲ့သော်လည်း မိုးရွာသွန်းလိုက်သည် နှင့် မြောင်းများတွင် အမှိုက်များပြန်လည် တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုတစ်ရပ်လုံးမှ လည်းပူးပေါင်းပါဝင် ရန် တိုက်တွန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ခေတ်သစ်

Author