အရူံးပေါ်နေသည့် စက်သုံးဆီဆိုင်တွေကို ပိတ်သိမ်းခိုင်း၍ ပြည်ပစက်သုံးဆီထုတ်လုပ်ရောင်းချသူများ လာရောက်ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် ဖန်တီးစေလို

0

Full article

အမြဲတန်း
အရူံးပေါ်နေသည့် စက်သုံးဆီဆိုင်တွေကို ပိတ်သိမ်းခိုင်း၍ ပြည်ပစက်သုံးဆီထုတ်လုပ်ရောင်းချသူများ လာရောက် ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် ဖန်တီးစေလိုကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အောက်တိုဘာ ၃ ရက်တွင်ပြောကြားသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းအပြောင်းအလဲမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းတွေကြောင့် မြင့်တက်နေသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးမှာ ရှိနေကြောင်း လက်ရှိရောင်းချပေးနေသော စက်သုံးဆီဈေးမှာ အရှုံးခံရောင်းချပေးနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းက ပြောကြားထားရှိသည်။

"သက်ဆိုင်ရာကနေ အရူံးပေါ်နေတဲ့ စက်သုံးဆီဆိုင်တွေကို ပိတ်သိမ်းခိုင်းပြီး ပြည်တွင်းလုပ်ငန်းရှင်အသစ်တွေနဲ့ ပြည်ပက စက်သုံးဆီထုတ်လုပ်ရောင်းချသူတွေကို လာရောက် ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိစေရန်အတွက် ဖန်တီးပေးစေလိုပါတယ်" ဟု ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောကြားသွားခဲ့သည်။

နိုင်ငံတော်၏ စက်သုံးဆီဆိုင်များ ၊မြေများကိုလည်း စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသူများက မည်သည့်ဈေးနှုန်းများဖြင့် ရယူထားမှုကို စစ်ဆေးပေးစေလိုကြောင်းနှင့် ခေတ်ကာလဈေးနှုန်းအတိုင်း ရရှိရန်လည်း လိုအပ်ကြောင်းကို အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။

Energy, Policy

Author