ခရီးသည်တင် YBS ၁၉၉၆ ၊ ၁၉၉၇ မိုဒယ် နှင့် ၁၉၉၈ မိုဒယ်ကားများ အပ်နှံခွင့်ပြု ပေးရန် စာရင်းတွေကောက်ယူ

0

Full article

Photo Credit

ခရီးသည်တင်ယာဉ်တွေ အဖြစ် ပြေးဆွဲနေတဲ့YBS ၁၉၉၆ မိုဒယ် ၊၁၉၉၇ မိုဒယ် နှင့် ၁၉၉၈ မိုဒယ်ကားများ ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံ၍ လူစီးစလစ်ထုတ်ပေးရန် မော်တော်ယာဉ် စာရင်းများကို ကောက်ယူနေပြီဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ က သိရပါသည်။"အခုအပ်နှံရမယ့် ကားတွေက ၁၉၉၆၊ ၉၇ ၊၉၈ မိုဒယ်ကားတွေပါ။ ဒီကားတွေကို အပ်ဖို့အတွက် စာရင်း တွေ တင်ပြခိုင်းထားတယ်။ လာမယ့် စက်တင်ဘာလမှာ စတင်အပ်နှံခွင့်ပေးမှာပါ။"လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အထက်ပါ ခရီးသည်တင် အိုဟောင်းကားများ အပ်နှံပါက အထူးစီမံချက်ဖြင့် လူစီးစလစ်ထုတ်ပေးရနု်အစိုးရအဖွဲ့အားတင်ပြထားရှိကြောင်း ၊လာမည့်စက်တင်ဘာလအတွင်း အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း၊ ခရီးသည်တင်ယာဉ်လိုင်းများရှိ တာဝန်ခံများနှင့် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားသွားခဲ့သည်။ ထိုခရီးသည်တင်ကားအဟောင်းများ အပ်နှံပြီးလျှင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အသစ်ဝယ်ယူထားသော ကားများနှင့် အစားထိုးပြေးဆွဲရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ခေတ်သစ်

Author