ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းများအား စည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူဆောင်ရွက်ရေးနှင့် အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာမူကို ချပြနိုင်ရန် လွှတ်တော်တွင် အဆိုတင်သွင်း

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန် လာစေရေးနှင့် ထိရောက်သော စည်းမျဉ်း စည်းကမ်းများ နှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက် ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမူ ရှိစွာချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဧပြီလ ၅ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြိး လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး တွင် အင်းစိန်မြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က အဆိုတင်သွင်းခဲ့ပြီး ထိုအဆိုကို လွှတ်တော်က သဘောတူညီသောကြောင့် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးက မှန်းထားတာထက်မကောင်းလာဘူးလေ။ မကောင်းတဲ့အတွက် ကြောင့် ကျွန်တော် တို့ကလဲ ပြည်သူ့ဘက် ကရပ်တည်ပြီး ပြည်သူ့အသံကိုနားထောင်ရတဲ့ အတွက် ဒီအဆိုက အဖြစ်မနေတင်ရမယ်ဆိုတာ ကြောင့် တင်တာပါ။ ကားဝယ်ယူမူနဲ့ ပက်သက်ရင်လဲ ကျွန်တော် တို့ အနေနဲ့ မေးခွန်းထုတ်စရာတွေအများကြီးပဲလေ။ ကျွန်တော် အနေနဲ့ကတော့ အဆိုက နေပွင့်လင်းမြင်သာ မူရှိရန်လုပ်ပါလို့ တိုက်တွန်းတယ်။ အစိုးရအနေနဲ့ လွှတ်တော်ထဲမှာပြောပါ ဘယ်လိုပုံစံနဲ့ လုပ်ဆောင် နေတယ်ဆိုတာကို အဲ့ဒါမှ ကျနော်တို့ သိရမှာပေါ့ ။အဲ့လိုသိမှ ပြည်သူတွေက သိရမှာပါ။ ဒါမှ YRTA အနေနဲ့ ငွေကြေးသုံးစွဲမူ ဘယ်လိုသုံးစွဲနေတယ် ၊ ကုမ္မဏီတွေကို ဘယ်လိုဖွဲ့ စည်းထားလဲ ၊ အကျိုးအမြတ်တွေကို ဘယ်လိုတွေခွဲယူလဲဆိုတဲ့ ပုံစံတွေကို သိရမယ် ။အဲ့လိုမှ မဟုတ်ရင် အရင် မထသ ပုံစံအတိုင်းပဲ ဘာမှ မထူးပါဘူးဟု အဆိုတင်သွင်းသူ ဦးဝေဖြိုးဟန်က လွှတ်တော် အပြီးမီဒီယာများ၏ မေးမြန်းမူကို ပြန်လည်ဖြေကြား ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မည်သည့် စီမံကိန်းများ လုပ်လုပ် လွှတ်တော်ကိုတင်ပြရ မည်ဖြစ်သကဲ့သို့ လွှတ်တော်ကို ကြိုပြီး အသိပေးရမည်ဖြစ်ကြောင်း လွှတ်တော်မှ တဆင့် ထိုစီမံကိန်းများကို လုပ်သင့် မလုပ်သင့် ဆုံးဖြက်ရမည်ဖြစ်သော်လည်း YBS ပြောင်းလဲမူကို တိုင်းဒေသကြီးကိုယ်စားလှယ်များအား အသိပေးမူသည် YBS မစရင် ၁ဝရက်အလိုမှ သိရှိရသည့်အတွက်ပြည်သူကို ပြန်လည် ပြောပြရန် အခက်အခဲများစွာကြုံရကြောင်း ၎င်းက ထပ်မံပြောသည်။ ကျွန်တော် တို့ကို သတိပေးတာက မစခင် ၁ဝ ရက်လောက်မှ သိရတာ။ သူတို့ စီစဉ်ပြီးသားဟာကို လာချပြတာပါပဲ။ ကျွန်တော် တို့နဲ့ တိုင်ပင်တာမဟုတ်ပါဘူး လာချပြတာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ တင်ထားတဲ့ အစိုးရဆိုပြီး ဝိုင်းလုပ်ခဲ့ပေမဲ့ ကမောက်ကမတွေဖြစ်တာပေါ့။ ကားနဲ့ လူနဲ့ မလောက်တာတွေ၊ လမ်းကြောင်းတွေ မမှန်တာတွေ၊ ကားစီးရတာက ၂ဆင့် ၃ဆင့် စီးရတာတွေ ၊ပြဿနာတွေ အများကြီး ကြုံရတယ်။ ဇန်နဝါရီ ၁၆ ရက်မှာစတယ်ဆိုတော့ အခုက အဆင်ပြေပေမဲ့ မိုးတွင်းဆိုရင် ပိုဆိုးလာမယ်။ အခုလုပ်နေတဲ့ စနစ်ကို ပိုမိုကောင်းမွန်အောင်လုပ်ရမယ်ဆိုတဲ့ အရာကို အစိုးရသိအောင်လို့ တိုက်တွန်းရတာပါ။ အခုအဆိုတင်သွင်းတာကို ဝန်ကြီးကလဲ လက်ခံတဲ့အတွက် လွှတ်တော်မှာ အတည်ပြုဖို့အရေးကြီးတယ်။ အတည်ပြုရင် ကတိကဝတ်ဖြစ်ပြီ။ ကျွန်တော်တို့က ကတိကဝတ်ကိုကိုင်ပြီးတော့ မလုပ်ရင် လုပ်အောင်လို့ ပြောလို့ရသွားပြီ ဟု ဦးဝေဖြိုးဟန်က ပြောသည်။ ထိရောက်စွာအရေးယူနိုင်မူအားနည်နေတာတွေ့ရပါတယ်။ နေ့စဉ်စည်းကမ်းချိုးဖောက်မူတွေက တွေ့နေရပါတယ်။ လူထုကြားမှာ ပညာပေး လှုပ်ဆော်ယုံနဲ့ မပြီးသေးပါဘူး ထိရောက်တဲ့ အရေးယူမူကိုလုပ်ကိုလုပ်ရမှာပါ။ ရန်ကုန်တို်င်းအစိုးရအနေနဲ့ လုပ်ကိုလုပ်ရမှာပါ။ ပြောင်းသော်လည်း မထူးတဲ့ လက်ရှိအခြေအနေဖြစ်နေတဲ့အတွက်ကြောင့် ။ အရေးယူဆောင်ရွက်မူကို ပြည်သူများကိုချပြရမှာကလဲ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ YRTA ရဲ့ ယာဉ်လိုင်းများဖွဲ့စည်းသတ်မှတ်မူအခြေအနေ ၊ငွေကြေးသုံးစွဲမူအခြေခအနေ ၊ ကြီးကြပ်ကွက်ကဲရေးအဖွဲ့ကို မည်ကဲ့သို့ ချိတ်ဆက်လုပ်ဆောင်နေတာကို အခြေခံအချက်အလက်ကိုတောင်မှ မသိရှိရတဲ့အခြေအနေဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် အဆိုကကိုတိုက်တွန်းပါတယ် ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်( ၁) ဒေါ်သီတာမောင် က လွှတ်တော်တွင် အဆိုအား ထောက်ခံဆွေးနွေးခဲ့သည်။ ဦးဝေဖြိုးဟန်၏ တင်သွင်းသည့် အဆိုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ခံ ကြောင်း ၊ အဆိုတင်သွင်းမူကို လည်းလက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်/ စက်မူလက်မူနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။

ခေတ်သစ်

Photo Credit

Author