Full article

[International Parking Institute](http://www.parking.org/) မှပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုမှ စိတ်ဝင်စားဖွယ်ရာ အချက်အလက်အချို့ကို တွေ့ရှိရပါသည်။ မော်တော်ကားများအား တကယ်အသုံးပြုသည့်အချိန်၏ ၉ဝ ရာခိုင်နှုန်းမှာ ကားပါကင်များတွင် ရပ်နားထားခြင်းဖြစ်သည်ဟု စစ်တမ်းအရသိရသည်။

P9030036

အဆိုပါစစ်တမ်းအရ အဓိက စိတ်ဝင်စားဖွယ်ရာအချက်များမှာ

  • မြို့ ကြီးများရှိ လမ်းမများပေါ်တွင် သွားလာနေတော့ ကားများ၏ ၃ဝ ရာခိုင်နှုန်းမှာ ကားရပ်နားရန်နေရာများကို ရှာဖွေနေရသော ကားများဖြစ်သည်။
  • ကားအများစုမှာ အသုံးပြုချိန်၏ ၉ဝ ရာခိုင်နှုန်းသည် ကားရပ်နားရန်နေရာများတွင် ရပ်နားထားသည်။
  • ကားမောင်းနှင်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် ကားရပ်နားရန်နေရာများ တည်ဆောက်ရန် တာဝန်အရှိဆုံးမှာ မြို့ ရွာအိုးအိမ် ဖွိ့ ဖြိုးရေးတာဝန်ရှိသူများ၊ ဗိသုကာ ပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများဖြစ်သည်။

ကားရပ်နားရန် နေရာများ တည်ဆောက်ရာတွင် အရေးကြီးသော အချက်များမှာ အလွယ်တကူ ဝင်ရောက်ရပ်နားနိုင်မှု၊ အလွယ်တကူ ပြန်လည်ထွက်ခွာနိုင်မှုနှင့် ယဉ်ရပ်နားခများကို လွယ်ကူစွာ ပေးဆာင်နိုင်မှုတို့မှာ အလေးအနက်စဉ်းစားရမည့် အချက်များဖြစ်ကြောင်း စစ်တမ်းအရဖော်ပြထားသည်။ ထိုသို့မဟုတ်ပါက ကားမောင်းနှင်သူများအတွက် ကားရပ်နားရန်ကိစ္စမှာ အလွန်စိတ်ပျက်ဖွယ်အလုပ်တစ်ခု ဖြစ်ပါသည်။

ယဉ်ရပ်နားရန် နေရာများတည်ဆောက်မည့်သူများ အနေဖြင့် တိုးတက်ပြောင်းလဲလာသော နည်းပညာများကိုလည်း ထည့်သွင်းတည်ဆောက်သွားရန်မှာ အရေးကြီးသော အချက်ဖြစ်သည်။ ယဉ်ရပ်နားခကို အလိုအလျှောက် ပေးဆောင်နိုင်မည့် စနစ်များ၊ ယဉ်ရပ်နားခများကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည့် စနစ်များ၊ မည်သည့် နေရာတွင် ယဉ်မည်မျှရပ်နားနိုင်မည်ကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည့် စနစ်များ စသည့် နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်း စဉ်းစားကာ အကောင်အထည်ဖော်ခြင်းဖြင့် ယဉ်ရပ်နားရန်နေရာ ပြသနာများကို ဖြေရှင်းနိုင်ပါလိမ့်မည်။

5206668981_da4ba90362

(photo: flickr)

မြန်မာနိုင်ငံသည်လည်း ယဉ်ရပ်နားမှုစနစ်များကို ယခုထက် အဆပေါင်းများစွာ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် အထူးပင် လိုအပ်လျှက်ရှိပါသည်။ ယဉ်ရပ်နားမှုစနစ်များကို နိုင်ငံတကာ အဆင့်အတန်းမှီအောင် ပြုလုပ်နိုင်ပါက ယခုဖြစ်ပေါ်နေသော မြို့ ကြီးများရှိ ယဉ်ကြောပိတ်ဆို့မှုများ လျှော့ကျသွားမည်မှာ အမှန်ပင်ဖြစ်သည်။

Author