Full article

အသုံးပြုသူ ပြည်သူများအခက်အခဲ များဖြစ်နေသည့်အတွက် ယခုကဲ့သို့ လူကူးခုံးကျော်တံတားတည်ဆောက် ရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ပန်းဆိုးတန်းတွင် တည်ဆောက်မည့် လူကူးခုံးကျော်တံတားအတွက် ကျပ်ငွေသန်းပေါင်း (၄၅ဝ) လျာထားပြီး

Fly-Over1

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့တည်ဆောက်မည့် လူကူးခုံးကျော်တံတားအတွက် ကျပ်ငွေသန်းပေါင်း (၃ဝဝ) လျာထားကြောင်းသိရသည်။ အခြားမြို့နယ်များဖြစ်သော လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းတွင် ငွေကျပ်သိန်း (၂၇ဝ) အကုန် အကျခံကာ လူကူးခုံးကျော်တံတား တစ်ခုတည်ဆောက်သွား မည်ဖြစ်ပြီး အင်းစိန်လမ်းမကြီး လှည်းတန်းမီးပွိုင့်အနီးတွင် လူကူးခုံးကျော်တံတားတစ်ခုအား ငွေကျပ်သန်း (၈ဝ) အကုန် အကျခံကာ ထပ်မံတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရှိရသည်။

Ref: Auto World

Author