P World ကုမ္ပဏီမှ nano film ကုန်ပစ္စည်းသစ် စတင်မိတ်ဆက်

0

Full article

P world ကုမ္ပဏီသည် ၎င်း၏ ကုန်ပစ္စည်းသစ်ဖြစ်သော nano flim မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ တွင် Novotel Yangon Max ဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကုန်စည်သစ်မှာ Radio လှိုင်းများ၊ GPS၊ Satellite လှိုင်းများ၏ လိုင်းဆွဲအားကို နှောက်ယှက်မှု၊ အကျိုးသက်ရောက်မှုမရှိကြောင်း၊ IR Energy ဝင်ရောက်မှု ပမာဏကို တာဆီးပေးနိုင်ခြင်းကြောင့် ကား အတွင်းအပူချိန်ကို လျော့ချပေးနိုင်ကြောင်းနှင့် Aircon ၏ အလုပ်လုပ်မှုပမာဏကို လျော့ချ၍ အသား အရေပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

Nano film သည် P world ကုမ္ပဏီ၏ ဒုတိယမြောက် ကုန်ပစ္စည်းဖြစ်ပြီး ၂ဝ၁၄ က မိမိယာဉ်နှင့်အတူ ပတ်ဝန်းကျင်အနီးရှိ ယာဉ်အားလုံး၏ အနရာယ်ကို ကာကွယ်ပေးနိုင်သော car black box ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခဲ့ကြောင်းသိရသည်။

P World ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းများကို များစွာ လေ့လာခဲ့ပြီး ထိုမ တော်တဆမှုများ၊ စည်းကမ်းမဲ့မောင်းနှင်ခြင်းများနှင့် အကြောင်းမဲ့ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချ နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

Author