စလစ်ကပ်တင်သွင်းကားများ ညအိပ်ခွန် လုပ်ဆောင်ပေးမည့်ကညန ရုံးတွင် ညအိပ်ခွန် သက်တမ်း ၂နှစ် အထိ ပြုလုပ်နိုင်

0

Full article


ယာဉ်အိုယာဉ်ဟောင်း အစားထိုးစနစ်နဲ့ စလစ်ကပ်တင်သွင်းထားသော ကားများ ညအိပ်ခွန် လုပ်ဆောင်ပေးမည့် ကညန ရုံးတွင် ညအိပ်ခွန် သက်တမ်း ၂ နှစ်အထိ ပြုလုပ်နိုင်တယ်လို့ သိရပါသည် ။9I /1927 နောက်ပိုင်းရှိ အက္ခရာ ယာဉ်နံပတ်များဖြစ်တဲ့ ယာဉ်နံပတ် J/....,K/....., စသည့် နောက်ပိုင်းနံပတ်များဖြစ်သည့် ကားပါကင်ထောက်ခံချက် နဲ့ တင်သွင်းထားသောကားများ နေရပ်လိပ်စာ အမည်ဖြင့်သာ ကားထား ရမှာ ဖြစ်၍ ညအိပ်ခွန် လုပ်ဆောင်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ထိုသို့ 9I/1927 နောက်ပိုင်း စလစ်ကပ်တင်သွင်းထားတဲ့ ကားများကိုမူ မော်တော်ယာဉ်၏ အုံနာဘုတ်နဲ့အတူ မြို့နယ်စည်ပင်သာယာ ရုံးများတွင် ညအိပ်ခွန် လုပ်ဆောင်၍ ရမှာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ စီမံဌာနသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြို့နယ်စည်ပင်သာယာ အုပ်ချူပ်ရေးမှူရုံးများမှာ လာရောက်လုပ်ဆောင်သော ကားများကို ငွေကျပ် ၃ဝဝဝ ကျသင့်၍ ညအိပ်ခွန် သက်တမ်း ၁ နှစ် သာ ရရှိနေပြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန မှာ သက်တမ်း ၂ နှစ်ရရှိကြောင်း သိရပါသည်။

ခေတ်သစ်

Author