သင်္ကြန် ၄ ရက် အတွင်း ယာဉ်စီးခပိုမိုတောင်းခံသဖြင့် တိုင်ကြားအမှုပေါင်း ၆ဝ ကျော်ရှိ

0

Full article

သင်္ကြန်ကာလ ၄ ရက် အတွင်း မြို့တွင်းခရီးသည်တင် YBS ယာဉ်လိုင်းများကို YRTA Hot Line သို့ တိုင်ကြားခဲ့ရာမှာ တိုင်ကြားမှုအရေအတွက် ၇ဝ တွင် ယာဉ်စီးခပိုမိုကောက်ခံသော အမှုပေါင်း ၆ဝ အထိရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က သိရသည်။ သင်္ကြန်အတွင်း YBS ခရီးသည်တင်ယာဉ်များ ယာဉ်စီးခ ပိုမိုကောက်ခံခဲ့၍ တိုင်ကြားလာခဲ့ရာတွင် သတ်မှတ်ထားသော ယာဉ်စီးခနှုန်းထား အတိုင်းမကောက်ခံဘဲ ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝ အထိ ကောက်ခံခဲ့ကြောင်းသိရသည်။"သင်္ကြန်လေးရက်အတွင်းမှာတော့ YBS ခရီးသည်တင်ယာဉ်တွေနဲ့ပက်သက်လို့ Hot Line ကိုတိုင်ကြားတဲ့ တိုင်ကြားမှုပေါင်း ၇ဝကျော်လောက်ရှိတယ်။ ယဉ်စီးခ ပိုတောင်းတဲ့အမှုက ၆ဝလောက်ရှိနေတယ်။ ယာဉ်စီးခပိုတောင်းလို့ တိုင်ကြားထားတဲ့ကားတွေကို ထိထိရောက်ရောက် အရေးယူတာတွေလုပ်သွားမှာပါ။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောကြားသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်အတွင်း ခရီးသည်တင်ယာဉ်လိုင်းများက ယာဉ်စီးခပိုတောင်းမှုများဖြစ်နေပြီး တိုင်ကြားမှုများရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုများ မလုပ်ဆောင်နိုင်၍ ယာဉ်စီးခပိုတောင်းခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများက ပြောဆိုကြသည်။

Author