ကားဟောင်းတစ်စီးအပ်နှံပြီး တစ်စီးတင်သွင်းမှုအရ ကားအစီးရေ ၁ သိန်းကျော်စလစ်ထုတ်ပေးပြီးဖြစ်

0

Full article

မော်တော်ယာဉ်အို ယာဉ်ဟောင်းတစ်စစီး အပ်နှံပြီး အသစ်တစ်စီးတင်သွင်းမှုအရ ကားအစီးရေ ၁ သိန်းကျော်အထိ စလစ်ခုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုးဦးစီးဌာနမှ သိရပါတယ်။ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှုတွင် ယခင်က အက္ခရာအလိုက် အပ်နှံခွင့်ပြုပေးရာ နောက်ပိုင်းတွင ်သက်တမ်းနှစ်နှစ်ဆယ်ပြည့်ပြီးဖြစ်သောကားများကိုသာ အပ်နှံခွင့်ပေးပြီး အသစ်တစ်စီး တင်သွင်းနိုင်ရန် စလစ်ထုတ်ပေးနေသည်။သို့သော် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ကားများနည်းပါးလာပြီး နယ်ဒေသများတွင် ကားဟောင်းအပ်နှံသည့်ကားများကျန်ရှိနေကြောင်းသိရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်တမ်းပြည့်မှီမှ ကားဟောင်းအပ်နှံခွင့်ပြုပေးနေရာ ကားဟောင်းအပ်နှံမှုကို လျော့ကျလာစေရန်လုပ်ဆောင်မည်ဆိုလျှင် ယာဉ်ဟောင်းအပ်နှံသည့်စနစ် ပြင်ဆင်ပေးရန်လိုအပ်သည်။

ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှုဖြင့် စလစ်ကပ်အစားထိုးတင်သွင်းမှုကို ၂ဝ၁၁ ခုနှစ်မှ စတင်လုပ်ဆောင်ပေးနေရာ ယနေ့ထိ ကားဟောင်းတစ်စီးအပ်ပြီး အသစ်တစ်စီးတင်သွင်းမှုအရေအတွက် ၁ သိန်း ၂ သောင်းသို့ရောက်ရှိလာပြိဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်

Author