လိုက်ထရပ် နှင့် ထရပ် ဇုန်ထုတ်ကားများ ထပ်မံထုတ်လုပ်မည့် အင်ဂျင်၂ဝဝ ကျော်ရှိနေ

0

Full article

လိုက်ထရပ်နှင့် ထရပ် ဇုန်ထုတ်ကားများ လက်ကျန်အင်ဂျင် ၂ဝဝ ကျော်ရှိရာ ထိုကားများကို စက်မှူဇုန် အဖြစ်ထုတ်လုပ်မည်ဖြစ်၍ ကနဦးမှတ်ပုံတင်ခွင့်ရရှိမည် ဖြစ်ကြောင်း စက်မှူဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ပြည်ပမှ တင်သွင်းထားသော လက်ကျန် အင်ဂျင်များကို ရန်ကုန် ၊ မန္တလေး ၊ ကလေး တို့တွင် သတ်မှတ်ချက်ကိုက်ညီမှု စစ်ဆေးနေလျှက် ရှိတယ်လို့သိရပါတယ်။ အသစ်ထပ်ရောက်လာတဲ့ စက်မှူဇုန်ကားကို ထုတ်လုပ်ခွင့် မပြုထားပါဘူး။ ကညန ကလည်း အင်ဂျင်တွေကို စစ်ဆေးမှူတွေလုပ်နေပါတယ်။ အရင်က တင်သွင်းထားတဲ့ အင်ဂျင်တွေကိုပဲ ထုတ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဟု စက်မှူဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စက်မှူဇုန်ထုတ်ကားများ ထုတ်လုပ်နေခြင်းကို ၂ဝ၁၅ ခုနှစ်မှစ၍ ထုတ်လုပ်ခြင်း ရပ်ဆိုင်းထားရှိပြီး ယခုထုတ်လုပ်ခွင့်ပေးမည့် အင်ဂျင်များမှာ ထုတ်လုပ်ခွင့်ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ကျန်ရှိနေသေးသည့် အင်ဂျင်များသာဖြစ်သည်။

ခေတ်သစ်

Photo Credit

Author