Original delivery van ဟုတ်၊ မဟုတ် အင်တာနက် အထောက်အထား နှင့်တိုက်ဆိုင်စစ်ဆေးရန် မှတ်ပုံတင်ခွင့်ပေး မည်

0

Full article

ပြည်ပမှတင်သွင်းသော မူလစက်ရုံထုတ် original delivery van ဟုတ်၊ မဟုတ် အင်တာနက် အထောက်အထား နှင့် တိုက်ဆိုင်စစ်ဆေးရန် မှတ်ပုံတင်ခွင့်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

မူလစက်ရုံထုတ် original delivery van ကားများကိုသာ ယာဉ်မှတ်ပုံတင် နံပါတ်ယူလုပ်ငန်း ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းကို ဖေဖေါ်ဝါရီ ၅ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ ကြေငြာထားရှိသော်လည်း original ကားများဆိပ်ကမ်းမှ ထုတ်ယူခွင့်မပေးဘဲ ရပ်ဆိုင်းထားကြောင်း သိရသည်။

"မူလစက်ရုံထုတ်လို့ ပြောထားတဲ့အတိုင်း original delivery van ဟုတ်၊ မဟုတ် အင်တာနက်အထောက်အထား van ကုဒ်ကို တိုက်ဆိုင်စစ်ဆေးရန် ပေါ်လာပါတယ်။ ဘယ်ကားက စတေရှင်ဝက်ဂွန်၊ ဘယ်ကားက delivery van ဆိုတာ ခွဲခြားလို့ရပါတယ်။ စက်ရုံထုတ်ဆိုရင် မှတ်ပုံတင်တာ လုပ်ပေးပါတယ်။" လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦး စီးဌာနက သိရသည်။

Delivery van ကားများ တင်သွင်းရာတွင် မူလစက်ရုံထုတ် original delivery van ဖြစ်ရမည်ဟူသော ကြေငြာချက်မထုတ်ခင်က ID ဖွင့်ပြီး တင်သွင်းလာသော ကားများကိုလည်း ဆိပ်ကမ်းမှ ထုတ်ယူခွင့်မပေးဘဲ ရပ်ဆိုင်းထား ကြောင်း သိရသည်။
R-01

Author