စင်္ကာပူအခြေစိုက် Optima Werkz Yangon ကားပြုပြင်ထိန်သိမ်းရေး Centre ဖွင့်လှစ်

0

Full article

Photo Credit

စင်္ကာပူအခြေစိုက် One stop Automotive Center တစ်ခုဖြစ်သည့် Optima Werkz Yangon ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃၌ အမှတ် ၉၉၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်များ၏ အင်ဂျင်နှင့် ဂီယာဘောက်များကို အဓိကထား၍ ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ရာ ကမ္ဘာအဆင့်မီ စက်သစ်ကြီးများကို တပ်ဆင်အသုံးပြု၍ ပြင်ဆင်ပေးသွားမည်ဖြစ်ပါသည်။

"ကျွန်တော်တို့ ဒီ Optima Werkz ကို ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်ကနေအချိန်ယူပြီး တော် တော် ကြာပြင်ဆင်ခဲ့ပါတယ်။ one stop automotive center တစ်ခုပါ။ ပုံမှန် service နဲ့ ပြုပြင်ထိန်းသိမ်းမေူ တွကိုလုပ်ပေးမှာပါ။ အင်ဂျင်နဲ့ဂီယာ box တွေ အကုန်လုံး ကိုပြုလုပ်ပေးပါတယ်။ ကျွန်တော်တို့ Optima Werkz Yangon က မြန်မာနိုင်ငံမှာ AMS USA က အသိအမှတ်ပြုတဲ့ Official Distributor တစ်ခုပါ။ AMS ဆိုတာက Nissan ကားတွေရဲ့ မူလအင်ဂျင်ပါဝါထက်ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ Brand တစ်ခုဖြစ်ပါတယ်"ဟု Optima Werkz Yangon ၏ တာဝန်ရှိသူ ကိုညီက ပြောဆိုသည်။

Optima Werkz Yangon အနေဖြင့် ကမ္ဘာ့အဆင့်မီ ထုတ်လုပ်ထားသည့် မည်သည့်ကားမဆို customer များ စိတ်တိုင်းကျ ဝန်ဆောင်မှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး လာရောက်ပြင်ဆင်သည့် ကားများကို အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

ခေတ်သစ်

Author