ဒဂုံအားမာန်သစ် ကုမ္ပဏီ၏ Soueast Myanmar (SEM) ကားသစ်မိတ်ဆက်ပွဲ Lotte ဟိုတယ်၌ ကျင်းပ

0

Full article

ဒဂုံအားမာန်သစ် ကုမ္ပဏီလီမီတက်မှ Mitsubishi အင်ဂျင်များ တပ်ဆင်မှု အပါအဝင် SKD (Semi Knock-Down) စနစ်ဖြင့် ကားသစ်များကိုထုတ်လုပ်ရောင်းချတော့မည်ဖြစ်ရာ မိတ်ဆက်ပွဲအခန်းအနားကို ၂ဝ၁၉ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် Lotte ဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။

မိတ်ဆက် ပြသသော ကားသစ်များမှာ DX-3 နှင့် DX-7 prime တို့ဖြစ်ကြပြီး ဂျပန် Mitsubishi 3ᴿᴰ Generation High Efficiency High Rigidity Aluminium (4A9T MIVEC Turbo) Engine များတပ်ဆင်ပေးထားသည့်အပြင် ဂျပန်နည်းပညာများအတိုင်း တိတိကျကျ အသုံးပြုပေးထားသောကြောင့် ဂျပန်ကားများကဲ့သို့ စိတ်ချယုံကြည်စွာ မောင်းနှင်နိုင်သည်ဟု ဆိုသည်။

အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ MAMDA (Myanmar Automobile Manufacturers and Distributors Association) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း နှင့် ဒဂုံအားမာန်သစ် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးစိုးသန်း တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

DX3 နှင့် DX7 Prime တို့၏ ထူးခြားချက်များမှာ 360° view car camera system ပါဝင်ခြင်း၊ မိမိကား၏ နောက်ဖက်တွင်အခြားကားများကပ်လာပြီး blind spot ဖြစ်နေချိန်များတွင်ပင်လျင် သိရှိ အချက်ပေးနိုင်သည့် စနစ်ပါဝင်ခြင်း၊ နိုင်ငံတကာစနစ်ဖြင့် အံဝင်သော ကားပါကင်များတွင် အလိုအလျောက် ပါကင်ထိုးပေးနိုင်သော စနစ်ပါဝင်ခြင်း၊ ကားနောက်ဖုံး၏ အောက်နားတွင် ခြေထောက်ဖြင့် ပြလိုက်ရုံမျှဖြင့် အလိုအလျောက်ပွင့်စေသော kick sensor စနစ်ပါဝင်ခြင်းနှင့် Remote ဖြင့် ကားကို စက်နိုးရာတွင် air-con ပါဖွင့်ထားနိုင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ပြည်တွင်း၌ အများဆုံးအသုံးပြလျက်ရှိသော RON 92 လောင်စာဆီဖြင့် ကောင်းစွာမောင်းနှင်နိုင်ခြင်းကြောင့်လည်း ငွေကုန်ကြေးကျသက်သာမှုကို ရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါကားများကို ဝယ်ယူအသုံးပြုရာတွင် ရန်ကုန် လိုင်စင်ရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။

Author