မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ကားအရောင်းပြခန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးအလုပ်ရုံဖွင့်ပွဲကျင်းပခဲ့

0

Full article

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (Myanmar Economic Holdings Public Company Limited) ၏ ကားအရောင်းပြခန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေး အလုပ်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ဇူလိုင်လ ၂၈ ရက်နေ့က အကွက်အမှတ် (၄၁/ဘီ) ၊ အမှတ် ၃ လမ်းမကြီးဘေး၊ ပျဉ်းမပင်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်တွင်ကျင်းပခဲ့သည်။

အခမ်းအနားကို နံနက် ၉ နာရီတွင်စတင်ခဲ့ပြီး ကားအရောင်းပြခန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးအလုပ်ရုံဖွင့်ပွဲကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တို့တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ်ခင်မောင်သန်းနှင့် အင်းတကော်စက်မှုဇုန် (ခေတ္တ) စက်ရုံမှူး ဦးလွင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် sale and service center  ကမ္ပည်းမော်ကွန်းအား မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးမှ စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (Myanmar Economic Holdings Public Company Limited) ၏ ကားအရောင်းပြခန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးအလုပ်ရုံတွင် Yutong Bus များနှင့် Beiben Truck များကို ပြသရောင်းချထားသည့်အပြင် one stop service အနေဖြင့် တာယာများ၊ စက်ဆီချောဆီများ၊ စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကိုပါ တစ်ပါတည်းဝယ်ယူနိုင်မည်ဖြစ်ပြီး ကားကြီးများကို Servicing ပေးခြင်း စသည်များလည်းရှိကြောင်းသိရသည်။

Reporter: Zing

Author