နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဗီဇာထောက်ခံချက် ၁ ကြိမ်သာ ဆောင်ရွက်ပေးမည်

0

Full article

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဗီဇာထောက်ခံချက် ၁ ကြိမ်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာထားပါသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ (Transport Operators) များသည် Road Transport Permit ရယူပြီး နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် အကြိမ်ကြိမ်သုံးဗီဇာ (Multiple Visa) ထောက်ခံချက်နှင့်ပတ်သက်ပြီး လျှောက်ထားရာတွင် ဗီဇာ ထောက်ခံချက်ကို (၁) ကြိမ်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ပို့ဆောင်မှုလွယ်ကူချောမွေ့ရေးကော်မတီလုပ်ငန်းအဖွဲ့ ( NTFC) အတွင်းရေးမှူးရုံးမှ အသိပေးကြေညာထားပါသည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ရယူထားသည့် Operator များနှင့် လျှောက်ထားဆဲ Operator များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် အကြိမ်ကြိမ်သုံးဗီဇာ (Multiple visa) ထောက်ခံချက်နှင့်ပတ်သက်ပြီး ကြိုတင်သိရှိနိုင်စေရန် အသိပေးခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။


ထိုင်းနိုင်ငံမှ  ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က  ပြီးခဲ့သည့် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။

Author